ဆလုံကျွန်း လူထုအခြေပြုခရီးသွားလုပ်ငန်း နှစ်ကုန်တွင် ဖွင့်မည်

0
387
ဆလုံကျွန်း

ဆလုံတိုင်းရင်းသားများနေထိုင်ကြသည့် ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းရွာရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) အား လာမည့်ဒီဇင်ဘာလအကုန်ခန့်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဦးညိုအေးထံမှ သိရသည်။

ဒုံးညောင်မှိုင်းကျေးရွာတွင် အကောင်အထည်ဖေါ်နေသည့် လူထုအခြေပြုခရီး သွားလုပ်ငန်းအတွက် လူနေအဆောင်များအပါအဝင် အဆောက်အဦအချို့တို့ အား တည်ဆောက်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါလုပ်ငန်းအား တိုင်းအစိုးရက ကျပ်သိန်း ၁၀ဝ ကျော်နှင့် ဟိုတယ်/ ခရီးလုပ်ငန်းရှင်များဘက်မှ ထည့်ဝင်ငွေ ကျပ်သိန်း ၁၃၀ ခန့်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည်မှာ တစ်နှစ်ခွဲခန့် ရှိနေပြီဖြစ်သည်။

ခရီးသွားဧည့်သည်များအနေဖြင့် ဒုံးညောင်မှိုင်းကျွန်းနှင့် အနီးအနားရှိ စမတ်ကျွန်း(ပါပန့်ကျွန်း)၊ နှစ်ဖက်လှကျွန်း၊ နတ်သမီးရေတွင်းကျွန်းနှင့် ဒုံးရေတံခွန်တို့အား လည်ပတ်နိုင်ကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းကို ဆောင်ရွက်ထားသည်။

မြင့်မိုရ်(မြိတ်)