ကိုဗစ်ကပ်ဘေးကြားမှ တနင်္သာရီ နဂါးလှေလှော်ပွဲတော်

0
303
တနင်္သာရီ နဂါးလှေလှော်ပွဲတော်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ၈၆၇ နှစ်မြောက် ရှေးဟောင်းရိုးရာ တနင်္သာရီနဂါးလှေလှော်ပွဲတော်အား နိုဝင်ဘာလ ၄ ရက်နေ့က ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။

တနင်္သာရီမြို့နယ်ရှိ သက်တော် ၁၀၂ နှစ်ရှိ ဆရာတော် အရှင်ပညာဒီပ၏ သြဝါဒဖြင့် နဂါးကပ်တောင်ရှိ နဝထပ် ဘုရားကြီးအား ကရမက်သာရီနဂါးလှေတော်(ကရမက်သားဖြင့် ပြုလုပ်ထားသည့် နဂါးလှေအသေး)နှင့် နဂါးဖောင်တော်တို့က ဦးတိုက်ပြီး မြစ်အတွင်းသို့ မျှောခြင်းတို့အား လူအနည်းအကျဉ်းဖြင့် ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောပြသည်။

ဘိန်းစာပင်များအား သုတေသနပြုခြင်းနှင့် မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်မည်မဟုတ်

“နဂါးလှေကြီးတွေကို ကုန်းဖောင်မှာပဲ ခေါင်းဆေးမင်္ဂလာလုပ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

နှစ်တိုင်းအစဉ်အလာမပျက် စည်ကား စွာကျင်းပလေ့ရှိသည့် နဂါးလှေလှော် တော်ပွဲတွင် နဂါးလှေခြောက်စီးဖြင့် တနင်္သာရီမြစ်အတွင်း ပြုလုပ်လေ့ရှိ သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများပြားလာနေသည့်အတွက် လူအစုအဝေးဖြင့် ကျင်းပနေသည့်ပွဲအား အကျဉ်းချုံးသားပြုလုပ်ရ ခြင်းဖြစ်ကြောင်း ဦးသန်းစိုးဝင်းက ပြော ပြသည်။

တနင်္သာရီမြို့တွင် ရိုးရာနဂါးလှေ လှော်ပွဲတော်အား နှစ်စဉ်ချောင်းကြီး ကျောင်းတိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။

မြင့်မိုရ်(မြိတ်)