မြိတ်လျှပ်စစ်မီတာဈေးနှုန်း ယခင်ထက်လျှော့ကောက်မည်

0
203
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့အား မီးပေးနေသည့် မီတာခဈေးနှုန်းများကို ယခင်လထက် လျှော့ကောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။

Petro & Trans ကုမ္ပဏီအနေဖြင့် မီတာခတိုးမြှင့်ကောက်ခံရန် တိုင်းအစိုးရထံ တင်ပြလာသည့်အပေါ် ပြည်သူများ ပြောဆိုဝေဖန်လာခြင်းကြောင့် ယင်းသို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဝန်ကြီးက ဆိုသည်။

“အသံတွေထွက်နေတဲ့ ပြည်သူတွေ စိတ်ကျေနပ်သွားအောင် ဆယ်လပိုင်း ကစပြီး ဈေးနှုန်းပြောင်းလည်းပေးဖို့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် မည်မျှလျှော့ချမည်ဆို သည်ကို ပြောဆိုခြင်း မရှိသေးပေ။

လက်ရှိအချိန်တွင် ကုမ္ပဏီနှင့် တိုင်းဒေသကြီး လျှပ်စစ်ဌာနအား တွက်ချက်မူများ လုပ်ဆောင်ရန်ညွန်ကြားထားပြီး စိစစ်ကာ ပြန်လည်တင်ပြရန် ပြောဆိုထားကြောင်း ဝန်ကြီးဦးအောင် သူရက ဆိုသည်။

Petro & Trans ကုမ္ပဏီအနေဖြင့် မြိတ်မြို့နယ်အား HFO လောင်စာဆီဖြင့် လျှပ်စစ်မီးဖြန့်ဖြူးရန် တင်ဒါအောင်ထားပြီး လက်ရှိ ဒီဇယ်သုံးစက်ကြီးများဖြင့် မီးပေးနေကာ တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် ကောက်ခံနေသည်။

ကိုဆန်း