“နိုလ်” မုန်တိုင်းဒဏ်သင့်မှု ကျပ်သိန်းတစ်ထောင်ကျော် ထောက်ပံ့

0
433

“နိုလ်” မုန်တိုင်းကြောင့် ပင်လယ် ဒီရေလှိုင်းရိုက်ခတ်ပြီး ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ်များအတွက် ငွေကျပ် ၁၁၅၂ သိန်းကျော်ကို ထောက်ပံ့ကြေးပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ တတိယအပတ်က ဒီရေလှိုင်း ရိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် တိုင်းအတွင်းရှိ ပင်လယ်ကမ်းစပ် ကျေးရွာအချို့တွင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရာ ယင်းတို့အတွက် ထောက်ပံ့ငွေပေးခြင်းဖြစ်သည်။

ကျေးရွာတာဝန်ခံ လိမ်လည်ပေါင်နှံထားသည့် ပုံစံ(၇) တောင်သူလက်ဝယ် မရောက် ရှိသေး

တိုင်းဒေသကြီး သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ် ၄၁၉ လုံးနှင့် အလုံးစုံပျက်စီးသည့်နေအိမ် ၄၀ဝ လုံးကို ထောက်ပံ့ကြေးပေးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

တစ်စိတ်တစ်ပိုင်းပျက်စီးသည့်နေအိမ်အတွက် ပျက်စီးမှုပမာဏအတိုင်း ထောက်ပံ့ပေးပြီး နေအိမ်အလုံးစုံပျက်စီးပါက ဓနိမိုး ထရံကာနေအိမ်တစ်လုံးလျှင် ကျပ်နှစ်သိန်း၊ သွပ်မိုးပျဉ်ကာဆိုပါက ကျပ်လေးသိန်းထောက်ပံ့ပေးကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ထို့အပြင် စာရင်းထပ်တိုးလာမည့် နေအိမ်များလည်း ကျန်ရှိနေသေးပြီး ယင်းအတွက် ကျပ်သိန်း ၁၄၀ ခန့် ထပ်မံ ထောက်ပံ့ရန်ရှိသေးကြောင်း ၎င်းက ပြောသည်။

သဘာဝဘေးကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုအတွက် တိုင်းအစိုးရ ထောက်ပံ့မှုအပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စားနပ်ရိက္ခာနှင့် နေအိမ်အတွက် ငွေကြေးထောက်ပံ့မှုများ လည်းရှိသည်။

Dawei Watch