ဆင်တုပ်ကွေးရောဂါကူးစက်ခံရပါက ဆေးကုသမှုခံယူရန် ကျန်းမာရေးဌာနထုတ်ပြန်

0
384

ချီကန်ဂန်ညာ(ဆင်တုပ်ကွေး)ရောဂါဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စမ်းသပ်စစ် ဆေး၍ ဆေးကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဆင်တုပ်ကွေးရောဂါသည် မွေးကင်း စကလေးငယ်များ၊ နာတာရှည်ရောဂါခံစားနေရသူများ(သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ)ခံစားနေရသူများနှင့် အသက် ၆၅ နှစ်နှင့်အထက် လူကြီးများတွင် ရောဂါပိုမိုပြင်းထန်တတ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စာကြည့်တိုက်များ အသက်ဝင်ရေး တိုင်းအစိုးရကူမည်

ယင်းအပြင် ကိုယ်အပူချိန်တက် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်များ ရောင်ခြင်း/ ကိုက်ခဲခြင်း၊ အရေပြားတွင်အနီကွက်များ ထွက်ခြင်း စသည့် ရောဂါလက္ခဏာများဖြစ်ကာ တပတ်အတွင်း သက်သာပျောက် ကင်းတတ်သော်လည်း အချို့သူများတွင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို လနှင့်ချီ ခံစားရနိုင်သည်ဟု သတိပေးထားသည်။

အဆစ်အမြစ်များနာပြီးကျန်ခဲ့မှုသည် လချီကြာတတ်သည်မှ အချို့လူများတွင် နှစ်ချီကြာခံရတတ်သဖြင့် ဆေး ထိုး၊ ဆေးသောက်လုပ်ကာ ဆေးကုသမှုခံ ယူရန်လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရပကန)ထံမှ သိရသည်။

“သူကကျတော့(ဆင်တုပ် ကွေးက) လူမသေဘူး။ အဆစ်နာပြီးတစ်ပတ် လောက်ခံရတယ်။ နာတာကြီးက နှစ်နဲ့ ချီပြီး ကျန်နေခဲ့တယ်” ဟု (ရပကန) အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားပြီးသူများအနေနှင့် ခန္ဓာကိုယ်က သူ့အလိုလျောက် ပဋိဇီဝနည်းဖြင့် ရောဂါကိုယ်ခံ စွမ်းအား ဖြစ်ပေါ်ခြင်းကြောင့် ထပ်မံ ဖြစ်ပွားခြင်းမရှိသော်လည်း မဖြစ်ဖူးသေး သူများကမူ သတိထားရမည်ဖြစ်ကြောင်း ၎င်းက သတိပေးသည်။

ထက်စေ၊ ‌ပွင့်စေ၊ မွှေးပါစေ . . .

ဆင်တုပ်ကွေးခေါ် ချီကန်ဂန်ညာ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော အေဒီး (စ်)ခြင်ကျား ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး ယင်းခြင်ကျားသည် သွေးလွန်တုပ်ကွေး ရောဂါကိုလည်း ဖြစ်စေတတ်သောခြင် များဖြစ်၍ ရေကြည်ရေသန့်တွင် ပေါက်ဖွားကြသည်ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်များကဆိုထားရာ ယင်းကို ကာကွယ်ရန်အတွက် ခြင်နှင့် ပိုးလောက် လန်းနှိမ်နှင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် ခြင်ဆေး ဖျန်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သည်။

ဆင်တုပ်ကွေးရောဂါသည် ၂၀၁၁ ခုနှစ်ကတည်းက ကော့သောင်းခရိုင်တွင် စတင်ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ် တွင် ထားဝယ်ခရိုင်၊ ဘဝါကမ်းခြေကျေးရွာတွင် စတင်ဖြစ်ပွားခဲ့ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပျံ့နှံ့သွားခဲ့သည်ဟု ဒေါက်တာနန္ဒဝင်း က ဆိုသည်။

ဆင်တုပ်ကွေးရောဂါအတွက် သီးသန့်ကုထုံးနှင့် ကာကွယ်ဆေးမရှိသေးသော်လည်း ရောဂါလက္ခဏာများ သက်သာစေရန်အတွက်သာ ကုသမှုပေးနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

မိုးမြင့်