စာကြည့်တိုက်များ အသက်ဝင်ရေး တိုင်းအစိုးရကူမည်

0
720

စာကြည့်တိုက်များ အသက်ဝင်ပြီး စာဖတ်သူများလာစေရန် တိုင်းအစိုးရက ကူညီထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်း က ပြောကြားသည်။

တိုင်းအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်အရေအတွက် တစ်ရာကျော်ရှိသည့်အနက် ၄၄ ခုသာ ဖွင့်လှစ်ထားနိုင်ရာ ယင်းအခြေအနေကို ကုစားနိုင်ရန် တိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ ကြောင်း ဦးကျော်မင်းက ပြောသည်။ အဆိုပါကော်မတီတွင် ဝန်ကြီးဦးကျော်မင်း က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ကိုဗစ်ကာလမှာ ကလေးများကို စောင့်ရှောက်တဲ့အခါ

“အဓိကကတော့ စာဖတ်ရှိန် မြင့် တက်လာဖို့၊ စာကြည့်တိုက်ရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးပံ့ပိုးပေးနိုင် ဖို့အတွက် ဘတ်ဂျက်လျာထားမှုတွေ လုပ်နိုင်ဖို့အတွက်ကို အကြမ်းဖျင်းတော့ ဆွေးနွေးထားပါတယ်” ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။

ယခုအခြေအနေသည် ပြည်သူများအနေနှင့် စာအုပ်စာပေဖတ်ရှုမှု ကျဆင်းလာနေပြီး စာအုပ်စာတမ်းနှင့် အခြား အခြေခံပစ္စည်းများ ပြည့်စုံသည့် ရွှေဝယ်သီရိစာကြည့်တိုက်တွင်ပင် စိတ်ဝင်စားမှုမှာ တဖြည်းဖြည်းလျော့ကျလာနေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင်မူ တိုင်းအတွင်းရှိ စာကြည့်တိုက်အများစုမှာ အချိန်တိုင်းနီးပါး သော့ခတ်ထားသည်ကို တွေ့ရှိရသည်။