ကော့သောင်းရေထွက်ကုန် ရနောင်းဈေးကွက်တွင် ထက်ဝက်ဈေးကျ

0
1214
ဓာတ်ပုံ -ကိုဆန်း

ထိုင်းနိုင်ငံသို့ သွားရောက် ရောင်းချနေသည့် မြန်မာနိုင်ငံဘက် ခြမ်း၊ ကော့သောင်းခရိုင်အတွင်းမှ ရေထွက်ကုန်များမှာ ဈေးထက်ဝက်ကျော် ကျဆင်းနေကြောင်း ကော့သောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ခရိုင် ငါးဦးစီးဌာနထံမှ သိရသည်။


ကိုဗစ်မဖြစ်မီအချိန်က ထိုင်း နိုင်ငံတွင် ဘတ်တစ်ရာရခဲ့သည့် ရေထွက် ပစ္စည်းသည် ယခုအခါ ဘတ်လေးဆယ် ခန့်သာရတော့ပြီး ခြောက်ဆယ်ရာခိုင် နှုန်းခန့် ကျဆင်းသွားသည်ဟု ကော့ သောင်းခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

“ဈေးကျသွားတဲ့ ဒဏ်ကို အောက်ခြေရေလုပ်သားတွေ အားလုံး လက်ရှိ ခံစားနေရတယ်”ဟု ၎င်းက ပြောသည်။


ကော့သောင်းခရိုင်မှထွက်သည့် ကမ်းနီးရေထွက်ပစ္စည်း ငါးပုစွန်များကို ဒေသခံရေလုပ်သားများက ထိုင်းဝယ် လက်တစ်ခုတည်းကိုသာ အားထားပြီး ရောင်းချနေကြရသည်။

ယခင်က မြန်မာဘက်ခြမ်းမှ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့်ရေထွက်ပစ္စည်းများအား မလေးရှားနှင့် အင်ဒိုနီး ရှားဝယ်လက်များမှ ပုံမှန်လာရောက် ဝယ်ယူနေသည်။ ကိုဗစ်ကြောင့် ယခု အခါ ယင်းဝယ်လက်များ ထိုင်းသို့ လာ ရောက်ခြင်းမရှိကြဟု သိရှိရကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီး ဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးသန့်ဇင် က ပြောပြသည်။


ကော့သောင်းခရိုင်မှ ထွက်ရှိသည့် ကင်းမွန်၊ ပုစွန်၊ ငါး၊ ကဏန်းမဲ၊ သဲကဏန်း စသည့် ရေထွက်ပစ္စည်းများသည် ကိုဗစ် ကာလအတွင်း အမျိုးအစား အပေါ် မူတည်၍ အနည်းဆုံး၂၀ ရာခိုင် နှုန်းမှ အများဆုံး ၅၀ ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွားသည်ကို သိရှိရကြောင်း ဦးသန့်ဇင်က ဆိုသည်။


လက်ရှိကော့သောင်းခရိုင်မှ တစ်ဖက် ထိုင်းနိုင်ငံရနောင်းမြို့သို့ တစ်နေ့လျှင် ကမ်းနီးလှေအစီးရေ သုံးဆယ်ခန့် သွား ရောက် ရောင်းချနေကြောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

Dawei Watch