တိုင်းအတွင်း မဲစာရင်းအချက်အလက်မှားယွင်းသူ နှစ်သောင်းကျော်၊ ဝန်ကြီးချုပ် မဲစာရင်းမပါ

0
473

တနင်္သာရီတိုင်းတွင် မဲစာရင်းအချက်အလက် မှားယွင်းသူ နှစ်သောင်းကျော်ရှိပြီး ယင်းတို့အထဲတွင် ဝန်ကြီးအချို့၏ အမည်စာရင်းလည်း ပါဝင်ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

ကွမ်းသမားနှင့် ကိုဗစ်

မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်း မပါဝင်သဖြင့် ပုံစံ(၃)ဖြင့် တင်သွင်းလျှောက်ထားသူ ၁၂၀ဝ၀ ကျော်၊ မဲဆန္ဒရှင်စာရင်းတွင် မိဘအမည်၊ မိမိနာမည်၊ မှတ်ပုံတင်အမှတ် စသည့် အချက်အလက်မှားယွင်းမှုများကို ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်း လျောက်ထားသူ ၁၀ဝ၀ဝ ကျော်ရှိပြီး မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာတင်သွင်း လျှောက်ထားသူ ၃၀ဝ၀ ကျော်ရှိကြောင်း အထက်ပါ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။

“မဲစာရင်းသွားကောက်တဲ့အချိန်မှာ အိမ်မှာလူမရှိဘူး၊ သော့ပိတ်ထား တယ်ဆိုတော့ ဘယ်လိုလုပ်မလဲ၊ အဲ့လိုနဲ့ မဲစာရင်းမှာ အမည်စာရင်းမပါ တာတွေဖြစ်တာပေါ့” ဟု ဆိုသည်။

လောင်းလုံး ငွေစုအမှု အစိုးရထံ အကူအညီတောင်း

ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက်မဲဆန္ဒရှင်စာရင်းတွင် ဝန်ကြီးချုပ် ဦးမြင့်မောင်၏ အမည်စာရင်း မပါဝင်ခဲ့သဖြင့် ပုံစံ(၃)ဖြင့် အမည်စာရင်းတင်သွင်းလွှာကို ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းချိန်အမီ ထည့်သွင်းပြင်ဆင်ပေးခဲ့သည်ဟု ကော့သောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် (အမည်စာရင်း) မပါဘူးဆိုရင် ပါဝင်အောင် အထူးအနေနဲ့ စီစဉ် ဆောင်ရွက်ပေးရတာရှိတယ်” ဟု ၎င်းက ဆိုသည်။

မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားခဲ့ပြီး ခုနစ်ရက် ထပ်တိုးကာ သြဂုတ်လ ၁၄ ရက်နေ့အထိ ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းအတွင်း မဲဆန္ဒရှင်စာရင်း ၁၁ သိန်း ကျော်ရှိသည့်အနက် မဲစာရင်းမှားယွင်းမှုသည် သြဂုတ်လ ၆ ရက်နေ့အထိ ၂၅၀ဝ၀ ခန့်သာရှိသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးကြောင်း ဦးထိန်လင်းဦးက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းကို သက်ဆိုင်ရာဌာနတွင်ရှိသည့် လူဦးရေအချက်အလက်ပေါ် မူတည်ကာ မဲဆန္ဒရှင်စာရင်းပြုစုခဲ့ပြီး ယခု ၂၀၂၀ ခုနှစ်တွင် သက်ဆိုင်ရာဌာနတွင်ရှိသည့် အခြေခံလူဦးရေစာရင်း အပြင် အိမ်တိုင်ရာရောက် ကောက်ယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အချက်အလက်မှားယွင်းမှုများကို ပြင်ဆင်ကာ ဒုတိယအကြိမ်ထုတ်ပြန် ကြေညာချက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

မိုးမြင့်