ကော့သောင်းလျှပ်စစ်တင်ဒါ ဒုတိယအကြိမ်ထပ်ခေါ်

0
380

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် လုပ်ကိုင်မည့်ကုမ္ပဏီများကို ဒုတိယအကြိမ် တင်ဒါခေါ်နေပြီဖြစ်သည်။

တင်ဒါလျှောက်လွှာကို သြဂုတ်လ ၈ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် တင်ဒါ ပိတ်မည်ဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

ပထမအကြိမ် ကော့သောင်းလျှပ်စစ်တင်ဒါကို ဇွန်လဆန်းက ဖွင့်ဖောက်စစ် ဆေးခဲ့သော်လည်း တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီများက Technical Proposal (နည်းပညာအဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်ခဲ့သည်။ ထိုစဉ်က တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီခြောက်ခု ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။

လက်ရှိတွင် သတ်မှတ်ထားသည့် အောင်မှတ်နှင့် အမှတ်ပေးစည်းမျဉ်းအချို့ကို ဖြေလျှော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ သို့သော် ယင်းအစီအစဉ်ကို တင်ဒါ လျှောက်လွှာပိတ်ပြီးမှသာ တင်ဒါကော်မတီအစည်း အဝေးကျင်းပပြီး သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မလွှဲတောင်မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်းမကြီးကို လမ်းချဲ့ရန် လွှတ်တော်တွင် တောင်းဆိုမည်

“တင်ဒါဖောင်လက်ခံပြီးမှ အမှတ်ပေး စနစ်ကိုစပြီးတော့ ဆွေးနွေးမှာ။ ကြိုပြီး ဆွေးနွေးထားတယ်ဆိုရင် ပေါက်(ကြား) နိုင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတင်ဒါခေါ်ရာတွင် ကုမ္ပဏီအကြောင်း၊ နည်းပညာနှင့် ဓာတ်အားခ နှုန်းထားစသဖြင့် ကဏ္ဍအလိုက် စာအိတ် သုံးအိတ်ဖြင့် ခွဲခြားတင်ပြရမည်ဟု တင်ဒါ စည်းမျဉ်းတွင် ဖော်ပြထားသည်။

တင်ဒါဖွင့်ဖောက်ပြီးရွေးချယ်ရာတွင်လည်း ကုမ္ပဏီအကြောင်း၊ နည်းပညာနှင့် ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီအကြောင်းကဏ္ဍတွင် အောင်မြင်မှုမရပါက နည်းပညာပိုင်းကို ဆက်လက် စစ်ဆေးမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

တင်ဒါစည်းမျဉ်းအရ ဒီဇယ်လောင်စာဖြင့် ထုတ်လုပ်မည်ဆိုပါက စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၉၀၊ အခြား အရင်းအမြစ်ဖြင့် ထုတ်ပါက ရက်ပေါင်း ၁၈၀ ထက် နောက်မကျဘဲ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးရမည်ဖြစ်သည်။

လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းကိုလည်း ထုတ်လုပ်သည့်ရက်မှ သုံးလအတွင်း တင်ဒါအောင်ထားသည့် နှုန်းထားဖြင့် ဖြန့်ဖြူးပေးရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် လောင်စာဈေးနှုန်း၊ ဒေါ်လာငွေလဲလှယ်နှုန်းထား အတက်အကျအပေါ်မူတည်၍ သုံးလတစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်ကြောင်း သတ်မှတ်ထားသည်။ ထိုသို့ပြင်ဆင်သတ်မှတ်မည် ဆိုပါက တိုင်းအစိုးရအဖွဲ့၏ သဘောတူညီချက် ယူရမည်ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းကို ပါချန်ကော့သောင်း ဒေသလုံး ဆိုင်ရာလျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေသည်။