မဲစာရင်းလာကြည့်စေရေး လှုံ့ဆော်မည်

0
418

တနင်္သာရီတိုင်းအတွင်း မဲစာရင်းကို ပြည်သူများစိတ်ဝင်စားပြီး လာကြည့်စေရန် စည်းရုံးလှုံ့ဆော်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။

ထိုသို့ မဲဆန္ဒရှင်များကို လှုံ့ဆော်ရန်အတွက် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ(ရွေး/ကော်)တာဝန်ရှိသူနှင့် ဆွေးနွေးညှိနှိုင်းထားကြောင်း ၎င်းက ဆိုသည်။

မဲပေးရမည့် ပြည်သူများ မဲစာရင်းလာကြည့်စေရေး အသိပညာပေးရာတွင် ရွေး/ကော်နှင့် ထွေအုပ်ဌာနတို့ ပေါင်းစပ် လုပ်ဆောင်ရန် တိုင်းရွေး/ကော်နှင့် တိုင်ပင်ညှိနှိုင်းနေပြီး မည်ကဲ့သို့ လှုံ့ဆော်ကာ အသိပညာပေးမည်ကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း မဲပေးခွင့်ရှိသူ ၁၁ သိန်းကျော်ရှိကြောင်း တိုင်းရွေး/ ကော်အဖွဲ့ထံမှ သိရသည်။ လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ကြေညာခဲ့သည်။