ကိုယ်စားလှယ်လောင်းများထံ ကတိတောင်းရန် အုပ်ချုပ်ရေးမှူးအချို့ ပြင်ဆင်

0
275

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများထံတွင် ကတိတောင်းရန်အတွက် ပြင်ဆင်နေကြကြောင်း ထားဝယ်ခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။

ကျေးရွာများတွင်လိုအပ်နေသော လမ်း၊ တံတား၊ စာသင်းကျောင်း စသည့် အခြေခံအဆောင်အအုံများကို ပြုလုပ်ပေးရန် ကိုယ်စားလှယ်လောင်းများထံ ကတိတောင်းမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး အချို့က ပြောသည်။

ထားဝယ်ခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ခုနစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ငါးဦးက ကတိတောင်းရန် ပြင်ဆင်နေသည်ဟု ဖြေဆိုကြပြီး နှစ်ဦးက အစီအစဉ်မရှိသေးကြောင်း ဖြေဆိုကြသည်။

အုပ်ချုပ်ရေးမှူးအချို့က တောင်းဆိုမည့် ကျေးရွာလိုအပ်ချက်များကို ရေးမှတ်ထားကြပြီး အချို့ကလည်း တောင်းဆိုရန် စိတ်ကူးရှိကြောင်း ဖြေဆိုကြသည်လည်း ရှိသည်။

မဲစာရင်းလာကြည့်စေရေး လှုံ့ဆော်မည်

“အဓိကကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်ရင်၊ သူတို့ဘက်က လမ်းဖွင့်ပေးမယ်ဆိုရင် ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျာထားပြီး တောင်းဆိုမယ်ဆိုပြီး စဉ်းစားထားတယ်” ဟု ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်က ပြောသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီအချို့ကလည်း ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ထုတ်ပြန်ထားပြီး ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ခွင့်ကာလကိုမူ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကျော်သူစိုး