ထားဝယ်မြစ်ကူးတံတား အသစ်အတွက် ငွေကျပ် သန်းတစ်ထောင် သုံးမည်

0
827
ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန်လျာထားသောနေရာ။
ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန်လျာထားသောနေရာ။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြစ်ကူးတံတားအသစ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ် သန်းတစ်ထောင်(၁ ဘီလီယံ) သုံးစွဲရန် လျာထားကြောင်း တံတားဦးစီးဌာနထံမှ သိရသည်။

မြစ်ကူးတံတားသစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့တွင် လျာထားသည့် ငွေကြေးပမာဏဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ထည့်ဝင်မည့် ဘဏ္ဍာငွေရှိနိုင်သေးကြောင်း အထက်ပါဌာန၊ တည်ဆောက် ရေးအဖွဲ့(၄) မှညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

“လုပ်ငန်းတွေကို ရန်ပုံငွေအတည်ပြုပြီးပါက ပစ္စည်းတင်ဒါခေါ်ပါမယ်။ ပစ္စည်းတင်ဒါတွေခေါ်ပြီးတော့ စလို့ရပြီးဆိုတာနဲ့ လုပ်ငန်းစမှာဖြစ်ပါတယ်” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။

မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတားအကြားနေရာအဆိုပြုနေရာ၁(Alignment-1)တွင် တည်ဆောက်မည်ဖြစ်သည်။

တံတားအသစ်တည်ဆောက်ရန် လက်ရှိသတ်မှတ်ထားသည့်နေရာတွင် တံတားအရှည်၁၁၀ဝ ပေခန့်အရှည်မည် ဖြစ်သည်။

ထားဝယ်ဒေသခံအများစုကမူ ထားဝယ်မြစ်ကူးတံတားအသစ်ကို ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့နေရာတွင် တည်ဆောက်ပေးရန်လိုလားကြသော်လည်း လက်ရှိ တံတားအနီးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ထားဝယ်မြစ်ကူး ကမြောကင်းတံတားကို ၁၉၇၅ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီးအရှည်ပေ၁၁၀ဝ၊ ယာဉ်သွားလမ်းအကျယ်၂၂ ပေရှိသည်။