ကမ္ဘောဇဘဏ် နာမည်အသုံးချ ငွေလိမ်သူ ထောင်တစ်နှစ်ကျ

0
436

ကမ္ဘောဇဘဏ် ဝန်ထမ်းအယောင်ဆောင်ပြီး ငွေကြေးလိမ်လည်ထုတ်ယူသူကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် ဇွန်လ ၃၀ ရက်က အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်သဖြင့် ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဒေါ်မြင့်မြင့်စန်းက ပြောသည်။

တရားခံသည် ဧရာဝတီတိုင်းမှ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထားဝယ်ဒေသခံအချို့ထံမှ KBZ Pay အချက်အလက်များကို ဖုန်းမှတဆင့် တောင်းယူကာ ငွေကြေးလိမ်လည်ခဲ့သူတစ်ဦး ဖြစ်သည်။

လမ်းဘေးအရက်သောက်သူ နှစ်ဆယ်နီးပါးကို ဖမ်းဆီး

ငွေကျပ်သုံးသိန်း အလိမ်ခံရသည့် အွန်လိုင်းဈေးရောင်းသူ ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦးက ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းသို့တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ နှင့် ကမ္ဘောဇဘဏ်(ထားဝယ်ဘဏ်ခွဲ ၁) မှ တာဝန်ရှိသူတို့က ငွေလိမ်သူကို ပူးပေါင်းစုံစမ်းခဲ့ပြီး ဧရာဝတီတိုင်း မြန်အောင်မြို့ရှိ ကမ္ဘောဇဘဏ် လုံခြုံရေးကင်မရာမှတစ်ဆင့် ငွေလိမ်လည်သူအား ခြေရာခံမိပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကျော်သူစိုး