ထားဝယ်မြို့အတွင်း အိမ်လူနာများ ဆေးရုံတင်လိုက ကြက်ခြေနီထံ ဖုန်းဆက်ပါ

0
542

ထားဝယ်မြို့အတွင်းရှိ အိမ်လူနာများ ဆေးရုံတင်ရန် လူနာတင်ကားလိုအပ်ပါက ဖုန်းဆက်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ထံမှ သိရသည်။

အစိုးရဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံများသို့ တင်ဆောင်ရန်အတွက် ၂၄ နာရီပတ်လုံး ကြက်ခြေနီလူနာတင်ကား အကူအညီတောင်းနိုင်ကြောင်း ထားဝယ် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။

အိမ်လူနာကို ဆေးရုံသို့ပို့ပေးမည့် အစီအစဉ်ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။

“ဖုန်းဆက်ပြီး ခေါ်လိုက်ရုံပဲ။ အားလုံး အခမဲ့။ တစ်ပြားလည်း ပေးစရာ မလိုဘူး” ဟု ဦးကိုကိုနိုင်က ပြောသည်။

ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းကလည်း အရေးပေါ်လူနာများကို အခမဲ့သယ်ယူပို့ဆောင်ပေးနေသည်။

ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ်ကမူ မတော်တဆမှုဖြစ်သည့် အရေးပေါ် လူနာများကို သယ်ဆောင်မည်မဟုတ်ဘဲ အိမ်လူနာကိုသာ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

အိမ်လူနာများ ဆေးရုံတင်လိုက ၀၉၆၈၆ ၉၉၉၂၂၇ထံ ဆက်သွယ်နိုင်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။