ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
872
Bay-Din

၅ – ၇ – ၂၀၂၀ မှ ၁၂ – ၇ -၂၀၂၀ ထိ

တနင်္ဂနွေ
သင်တန်းတက်၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ လုပ်ငန်း၌ စိတ်တိုင်းမကျ ဖြစ်နေရတတ် သည်။ သားသမီးရတနာများ ရမည်။ ရပ်ဝေးဧည့်သည်များ လာမည်။ ငွေချေးငှားခြင်း သတိထားပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်နီးစပ်လျက် ဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ဝ၊ ၅၊ ၇ ပါသော ဂဏန်းများ
ယတြာ – သစ္စာပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ
အမွေအနှစ် ရရှိတတ်သည်။ သားသမီးရတနာများ ရမည်။ မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲ ရတတ်သည်။ လိုအပ်နေသောငွေကြေးများ တစ်လုံးတစ်ခဲ ဝင်လာမည်။ မိမိမျှော်လင့်နေသော ပညာရေးကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေးမကောင်းသူများ ဆေးဝါးတိုးပြီး ကျန်းမာ လာမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မဝေးရတော့ပါ။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနီရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ဝ၊ ၇၊ ၁ ပါသော ဂဏန်းများ
ယတြာ – စံပယ်ပန်း ဘုရားပန်းကပ်လှူပါ။

အင်္ဂါ
စက်ပစ္စည်းတစ်ခု ဝင်မည်။ လုပ်ငန်းများ အဆင်ပြေမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ဈေးဆိုင် ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြောရတတ်သည်။ တယ်လီဖုန်း ပျက်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ် ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၂၊ ၅၊ ဝ ပါသော ဂဏန်းများ
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ငွေများ ရေလိုဝင်မည့်ကာလ ဖြစ်သည်။ စက်ပစ္စည်းတစ်ခု ဝင်မည်။ ကံမြင့်၍ အခြေတင့်မည့် ကာလ ဖြစ်သည်။ သို့သော် ယခုလတွင် ကားမဝယ်ပါနှင့်။ ကျန်းမာရေး အညံ့မရှိပါ။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ – ၅၊ ဝ၊ ၁၊ ၆ ပါသော ဂဏန်းများ
ယတြာ – ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
ခရီးတစ်ခု သွားရမည်။ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ အိုးအိမ်ပြုပြင်ခြင်း၊ အိမ်ဆောက် ခြင်းများ ပြုရတတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ အထွက်များနေတတ်သည်။ မိတ်ဆွေများ နှင့် စိတ်ဝမ်းကွဲရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – ကာကီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ဝ၊ ၇၊ ၅ ပါသော ဂဏန်းများ
ယတြာ – သရက်သီးအမှည့် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ခရီးတစ်ခု သွားရမည်။ ယာဉ် ဝင်မည်။ စပ်တူရှယ်ယာကိစ္စများ၌ အခက်အခဲ ဖြစ်တတ်သည်။ အိမ်၊ ခြံ၊ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ ပညာရေးကိစ္စများ လိုရာခရီးရောက်မည်။ မိမိအိမ်ရှိ အသက်ကြီးသူလူကြီးများ ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ချစ်သူ နှင့် နီးစပ်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ၅၊ ၁၊ ၄ ပါသော ဂဏန်းများ
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ငွေကြေးများစွာ ဝင်လာမည်။ မျှော်လင့်နေသောကိစ္စများ အဆင်ပြေသွားမည်။ မိတ်ဆွေများ ကူညီမစမှု ခံရမည်။ လူကြီးသူမများ အထင်အမြင်လွဲမှုခံရတတ်သည်။ မတော်တဆ ထိခိုက်မှု များ ဖြစ်တတ်သည်။ ပညာရေးကိစ္စ၌ စိတ်အလိုမကျ ဖြစ်နေရတတ်သည်။ မေတ္တာရေးသည်ကား အိုကေ၍ စိုပြည်နေမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ၅၊ ၁၊ ၄ ပါသော ဂဏန်းများ
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ