မြန်မာပွန်ပီပက် ကုမ္ပဏီ၏ အယူခံ အမှုနှစ်ဘက် အပြီးသတ် လျှောက်လဲချက် ယခုအပတ် ကြားနာမည်

0
259
မြန်မာပွန်ပီ ပက်ကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် တရားစွဲဆိုခဲ့သူ

ထားဝယ်ခရိုင် တရားရုံးတွင် အမှုရှုံးသဖြင့် အယူခံတင်သွင်းထားသော ဟိန္ဒားသတ္တုမိုင်း တူးဖော်ခွင့်ရ မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီ၏ အယူခံအမှုနှင့်ပတ်သက်ပြီး နှစ်ဘက် အပြီးသတ်လျှောက်လဲချက်ကို တိုင်း တရားလွတ်တော်က ဇွန်လ ၈ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ကွမ်းသီးပင်များ သေဆုံးမူကြောင့် လျော်ကြေးရလိုကြောင်း မြန်မာပွန်ပီ ပက်ကုမ္ပဏီကို ထားဝယ်မြို့နယ် ကင်ပွန်း ချုံရွာနေ ကရင်တိုင်းရင်းသား စောဒါးရွှေ က ၂၀၁၅ ခုနှစ်တွင် တရားစွဲခဲ့သည်။

ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (ကျပ် ၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမိန့် ချမှတ်ခဲ့သည်။

ယင်းထားဝယ်ခရိုင်တရားရုံးအမိန့် ကို ကုမ္ပဏီကဘက် မကျေနပ်သဖြင့် တိုင်းတရားလွှတ်တော်ထံ အယူခံတင် သွင်းခဲ့သည်။

ယင်းပထမအယူအခံ အမှုနှင့် ပတ်သက်ပြီး နှစ်ဘက်အပြီးသတ် လျှောက်လဲချက်ကို ဇွန်လ ၈ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း တိုင်းတရား လွှတ်တော် ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ပြောသည်။

ယင်းသို့ကြားနာပြီးပါက ထားဝယ် ခရိုင်တရားရုံးက ချမှတ်ထားသော အမိန့် သည် မှန်ကန်မူရှိ/မရှိကို အမိန့် ချမည် ဖြစ်ကြောင်း စောဒါးရွှေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေသည့် အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်အေး က ပြောသည်။

“ကြားနာပြီးရင် ဘယ်နေ့အမိန့် ချမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာ ပေါ့လေ”ဟု ဦးခင်မောင်အေးက ပြောသည်။

တိုင်းတရားလွှတ်တော်သည် ထားဝယ်ခရိုင်တရားရုံး၏ မူလအမိန့်ကို ထပ်မံအတည်ပြုနိုင်သလို၊ ပယ်ဖျက်နိုင် သည့် အခွင့်အာဏာလည်း ရှိနေသည်။

ကျော်သူစိုး