အစိုးချေးငွေအတွက် ဌာနများနှင့် လုပ်ငန်းများထံမှ အချက်အလက် စုဆောင်း

0
314

ကိုဗစ်ကပ်ရောဂါကာလနှင့် ကိုဗစ် ကာလအလွန်တွင် အစိုးရမှထုတ်ချေးမည့် ချေးငွေများအတွက်ဆက်စပ်ဌာနများနှင့်အသေးစား/အလတ်စား/အကြီးစား လုပ်ငန်းများထံမှ အချက်အလက် များတောင်းယူစုဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

လက်ရှိတွင် ချေးငွေနှင့်စပ်ဆိုင် ဆက်စပ်သည့်ဌာနများ၊ ဘဏ်များကို ခေါ်ယူတွေ့ဆုံဆွေးနွေးကာ အချက် အလက်များ တောင်းခံနေပြီးထိုနောက်တွင်မှ တိုင်းအတွင်းရှိအကြီးစား၊ အလတ်စား၊ အသေးစား၊ စီးပွားရေးလုပ် ငန်းများနှင့်စပ်ဆိုင်သည့် အသင်းအဖွဲ့ဦး ဆောင်သူများကို ဖိတ်ကြား ဆွေးနွေးသွား မည် ဖြစ်ကြောင်းဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ယင်းသို့ အချက်အလက်ကောက်ယူပြုစုထားခြင်းဖြင့်အစိုးရချေးငွေများ လုပ်ငန်းရှင်များ လက်ဝယ်သို့ ထိရောက် မှန်ကန်စွာ ရောက်ရှိစေရေးနှင့် အစိုး ချေးငွေအလုံအလောက်ရနိုင်/မရနိုင်၊ မည်သည့်အချက်များကို ဖြေလျှော့သင့်သည် စသည့်အချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

“ဒီလို အချက်အလက်စုဆောင်း ဒီလူတွေနဲ့ ဆွေးနွေးထားရမယ်ဆိုရင် နောက်ကိုဗစ်အလွန်လည်းပဲ စီးပွားရေးအရ ချေးမယ်ငှားမယ် ထောက်ပံ့မယ်ဆိုတဲ့ ဟာတွေ ကြုံလာတိုင်းကိုယ်ကတစ်ခါတည်းအချက်အလက်တွေရှိပြီးသား ဆိုတော့ ဘာတွေလိုတယ်ချိတ်ထား လိုက်ရင်လုပ်ပေးလိုက်ရုံပဲလေ”ဟု ၎င်းက ပြောသည်။

တိုင်းအစိုးရတာဝန်ရှိသူများက လည်း ပြည်ထောင်စုတွင် ချေးငွေကိစ္စများ ဆွေးနွေးရာ တွင်ဌာနအသီးသီး၏ ချေးငွေမူဝါဒနှင့် တိုင်းတွင်းလုပ်ငန်းရှင် တို့၏လိုအပ်ချက်ကိုက်ညီ နိုင်ရန်အတွက် အထက်ပါကောက်ယူရရှိထားပြီးသည့် အချက်အလက်များကိုအခြေခံကာဆွေး နွေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဒေါ်ရီရီချို က ပြောသည်။

အစိုးရဌာနနှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် ဆိုပါက ကောင်းမွန်သည့်ရလဒ်ထွက်လာမည်ဟုမျှော်လင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြောသည်။

“အဲလို လုပ်လာမယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်။ အမှန်တကယ် ဖြစ်လာပါစေလို့လည်း ဆုတောင်းတယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

Dawei Watch