ဆယ့်တစ်ရက်အတွင်း ဆေးရုံ စောင့်ကြည့်လူနာ ၃၁ ဦးရှိ

0
347

တနင်္သာရီတိုင်းတွင် ၁၁ ရက်တာ ကာလအတွင်း ကိုရိုနာရောဂါပိုး ဆေးရုံ စောင့်ကြည့်လူနာ ၃၁ ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။

မတ်လ ၂၅ ရက်မှ ဧပြီလ ၄ ရက် အထိ စာရင်းအရ ဆေးရုံစောင့်ကြည့်လူနာ(Patient under investigation) ၇ ဦးနှင့် ဆေးရုံတွင် အသွားအလာကန့် သတ်ပြီး စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ (Hospital Quarantine) ၂၄ ဦးရှိ ကြောင်း ယင်းဌာနထံမှ သိရသည်။

အထက်ပါကာလအတွင်း ဆေးရုံ အသီးသီးရှိ သီးသန့်လူနာဆောင်တွင် ထားရှိကုသသူ ၆ ဦးရှိပြီး ယင်းလူနာ အားလုံးကို ကိုရိုနာရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခဲသည်။ အထက်ပါ စောင့်ကြည့်လူနာ ၆ ဦးအပြင် ဆေးရုံတွင် သေဆုံးသွားသူနှစ်ဦးကိုလည်း ဓာတ်ခွဲ နမူနာပေးပို့ စစ်ဆေးခဲ့သည်။ ထိုသူတို့ အားလုံးတွင် ကိုရိုနာရောဂါပိုး မတွေ့ရကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ဧပြီလ ၄ ရက် ည ၆ နာရီအထိ စာရင်းအရ လက်ရှိတွင်စောင့်ကြည့်လူနာ စုစုပေါင်း ၁၂ ဦး ရှိကြောင်း ဒေါက်တာ ထွေးမြစိုးက ဆိုသည်။

Dawei Watch