ဆိုင်မထိုင်ရတော့သဖြင့် လမ်းဘေး အရက်သောက်က ရဲစခန်း အခေါ်ခံရမည်

0
287

ကိုရိုနာရောဂါပိုး ကာကွယ်ရေး အရက်ဆိုင်၊ ဘီယာဆိုင်များအပါအဝင် စားသောက်ဆိုင်များတွင် ပါဆယ်စနစ် ဖြင့်သာ ရောင်းချခွင့်ပြုနေချိန်တွင် ဘီယာ/အရက် ပါဆယ်ဝယ်ကာ ထားဝယ်မြို့၊ ကမ်းနားလမ်းအပါအဝင် အများပြည်သူ သွားလာနေသည့် လမ်းပေါ်တွင် ဝိုင်းဖွဲ့ ထိုင်သောက်သူ ပိုများလာသည်။

ထိုကြောင့် လမ်းမပေါ် အရက်ထိုင် သောက်နေသူများကို ရဲတပ်ဖွဲ့က လှည့် ကင်းများဖြင့် လိုက်လံစစ်ဆေးကာ ရဲစခန်းသို့ ခေါ်ဆောင်ရန် ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ဝင်း က ဆိုသည်။

ထိုသို့ သက်ဆိုင်ရာရဲစခန်းသို့ခေါ် ပြီး မိဘအုပ်ထိန်းသူများရှေ့မှောက်တွင် ခံဝန်လက်မှတ်ထိုးစေရန် သက်ဆိုင်ရာ ရဲစခန်းများကို ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

“လမ်းဘေးတွေမှာ အရက်သောက် ပြီးတော့နေတဲ့ဟာတွေ ဒါလေးတွေ လည်း မလုပ်ဖို့တော့ လတ်တလောက ပတ္တရောင်လှည့်ပြီးတော့ လိုက်လုပ်နေ ပါတယ်”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြော သည်။

ရဲစခန်းတွင် ကိုရိုနာရောဂါပိုးနှင့် ပတ်သက်သည့် အသိပညာပေးမည်ဖြစ် ပြီး နောက်ထပ်မလုပ်ရန်လည်း ခံဝန်ထိုး စေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခံဝန်ထိုးထားသူများ နောက်တစ် ကြိမ်ထပ်မံကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ကလည်း ကိုရိုနာရောဂါပိုး ဂယက်နှင့် ပတ်သတ်၍ ဆောင်ရန်ရှောင်ရန် အချက်များနှင့် လိုက်နာရမည့်အချက်များပါဝင် သည့် ဒေသန္တရအမိန့်ကို ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

Dawei Watch