ထားဝယ်-ရန်ကုန်နှင့် ဒေသတွင်း ခရီးသည်တင်ယာဉ် အများစုရပ်နား

0
272

ထားဝယ်မြို့မှ ရန်ကုန်၊ မော်လမြိုင်၊ မြိတ်၊ ကော့သောင်းမြို့များသို့ နေ့စဉ် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြေးဆွဲမှု ရပ်နား ထားကြောင်း ထားဝယ်မြို့နယ် ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ (ယကက)မှ ထားဝယ်အဝေးပြေးကွင်းတွင် ယာဉ်အဝင် အထွက် မှတ်တမ်းယူရန် ခန့်အပ်ထား သည့် တာဝန်ကျဝန်ထမ်းထံမှ သိရသည်။

ပုံမှန်အားဖြင့် ယင်းမြို့များသို့ နေ့စဉ်ပြေးဆွဲနေသော ခရီးသည်ယာဉ် တစ်နေ့လျှင် အစီးတစ်ရာကျော်ရှိသော် လည်း ဧပြီလ ၄ ရက် ညနေသုံးနာရီ ဝန်းကျင်အထိ ၁၉ စီးသာ ပြေးဆွဲ နေကြောင်း ထားဝယ်အဝေးပြေးကား ကွင်း တာဝန်ကျ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးစိုးသန်းက ပြောသည်။

“တစ်ချိန်တုန်းက တစ်နေ့ကို လေးငါးခြောက်စင်းထွက်နေတဲ့ ဂိတ်တွေက မထွက်ကြတော့ဘူးလေ။ အများဆုံး တစ်ဂိတ်ကို နှစ်စီးလောက်ပဲ ထွက်တော့တာ”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့မှ ရန်ကုန်၊ မော်လမြိုင်၊ မြိတ်၊ ကော့သောင်းမြို့တို့သို့ ပြေးဆွဲ သော ခရီးသည်တင်ယာဉ်များသည် ပုံမှန် အားဖြင့် သင်္ကြန်ကာလ ပိတ်ရက်အဖြစ် ဧပြီလ ၁၂ ရက်နောက်ပိုင်းမှ ခရီးစဉ် ပြေးဆွဲခြင်းကို ရပ်နားလေ့ ရှိသည်။

ယခုနှစ်တွင်မူ သင်္ကြန်ကျမည့်အချိန် နှင့် ကိုရိုနာဂယက်ထသည့်အချိန် တိုက်ဆိုင် နေခြင်းတို့ကြောင်း ခရီးသည်ရှိမူနည်းပါး သဖြင့် ခရီးစဉ်ပြေးဆွဲမူကို ရပ်နားထား ခြင်းဖြစ်ကြောင်း ဂိတ်မှူးအချို့က ပြောသည်။

လက်ရှိပြေးဆွဲနေဆဲ အဝေးပြေး ခရီးသည်တင်ကားများတွင်လည်း ခရီးသည်အပြည့်မရဘဲ အများဆုံးရသည့် ကားမှာ နှစ်ဆယ်ဝန်းကျင်သာရှိကြောင်း ၎င်းတို့က ပြောသည်။

ရန်ကုန်မြို့အတွင်း ဝင်လာသူတိုင်း ၁၄ စောင့်ကြည့်ခံရမည်ဆိုသည့် ပြောဆို သံများ ကြားနေရဖြင့် ဧပြီလ ၇ ရက် နောက်ပိုင်းတွင် လက်ရှိပြေးဆွဲနေသော ထားဝယ်- ရန်ကုန် ခရီးစဉ်များလည်း ရပ်နားဖွယ်ရှိကြောင်း ဦးစိုးသန်းက ပြောသည်။

ကျော်သူစိုး