လူစုလူဝေး၊ ပွဲလမ်းသဘင် အတတ်နိုင်ဆုံးရှောင်ရန် သတိပေး

0
1255

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတိအနေအထားဖြင့် နေထိုင်နေရသည့် ကာလအတွင်း လူစုလူဝေးများပြားသည့် နေရာများနှင့် ပွဲလမ်းသဘင်ရှိရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဖေဖော်ဝါရီ ၂၇ ရက်က ပြည်သူများ သို့ အသိပေးထုတ်ပြန်ထားသည်။

ယင်းကြောင့် မဖြစ်မနေ ကျင်းပရ မည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ ကိုသာ ပြုလုပ်ကြပါရန်နှင့် ထိုပွဲလမ်း သဘင်များကို မလွဲမရှောင်သာ ကျင်းပ ရပါက ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေး နှိုးဆော်ချက်များကို တိကျစွာ စနစ် တကျ လိုက်နာဆောင်ရွက်ကြရန် အထက်ပါဝန်ကြီးဌာနမှ ပြည်သူများသို့ ပန်ကြားထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနှင့် စောင့်ကြည့်လူနာ တွေ့ရှိမှု အခြေအနေအရ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၂ ဦး၊ ရှမ်းပြည်နယ်တွင် ၁၁ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၈ ဦးနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင် ၁၁ ဦး၊ စုစုပေါင်း ၄၂ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖေဖော် ဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ ပေါ်တွင် ရောဂါဖြစ်ပွားနေသည့် နိုင်ငံ စုစုပေါင်း ၃၈ နိုင်ငံတွင် ဓာတ်ခွဲအတည် ပြုလူနာ စုစုပေါင်း ၈၁၁၀၉ ဦး၊ သေဆုံး သူ စုစုပေါင်း ၂၇၆၁ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားမှု များပြားသောနိုင်ငံ များမှာ တရုတ်နိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ အီရန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

အဝေးပြေးကားဂိတ်နှင့် ပြည်တွင်း လေဆိပ်များတွင် အဝေးပြေးယာဉ်လိုင်း များနှင့် လေယာဉ်ပျံများ မထွက်မီ ကိုရိုနာဗိုင်းရပ်စ်နှင့် ပက်သက်သည့် ကျန်းမာရေး အသိပေးနှိုးဆော်ချက်များ ကို ခရီးသည်များအား ၃ မိနစ်ခန့် ပြောကြားပေးရန် ဖေဖော်ဝါရီ ၁၇ ရက် ကလည်း ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက် ရှိသည်။

မိုးမြင့်