သိမ်းဆည်းခံ မြေယာကိစ္စ ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ

0
1482

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့်
အချက်များကို စာဖတ်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

၁) နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလ မြေပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ (၁၀ ရပ်)

၂) တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ ( ၃ ရပ် )

၃) သိမ်းဆည်းမြေများကို ပြန်လည် ပေးအပ်ရန် လျှောက်ထားလာခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၄ ချက်)

၄) စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်း ဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက် ( ၅ ချက် )

၅) သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် ( ၆ ချက် )

၆) စွန့်လွှတ်သည့်မြေများ သက်ဆိုင် သူလက်ဝယ်အမြန်ရောက်ရှိရေ လုပ်ငန်း စဉ် ( ၉ ရပ် )

၇) နေပြည်တော်၊ တိုင်းဒေသကြီး။ပြည်နယ်ကော်မတီများမှ အလေးထား ဆောင်ရွက်ရန်အချက် (၁၅ ချက် )

နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာ မြေနှင့် အခြားမြေများကို မူလမြေပိုင်ရှင် များက ပြည်လည်လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်းသည့် မူဝါဒ ၁၀ ရပ်

၁)သိမ်းဆည်းမြေ တိုင်ကြားစာများ နှင့် ပတ်သက်၍ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြေသိမ်းဆည်းမှုကိုသာ စိစစ်ဖြေရှင်း ဆောင်ရွက်သွားရန်။

၂) အစိုးရဌာန၊ အဖွဲ့အစည်းများက မြေကို သိမ်းဆည်းပြီးနောက် ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းခြင်း၊ သီးစားချထားခြင်း များ ပြုလုပ်ထားသည့် စီမံကိန်းများ မအောင်မြင်သည့်မြေ သို့မဟုတ် စီမံကိန်း မဆောင်ရွက်သည့် လယ်ယာမြေများကို မူလပိုင်ရှင်က ပြန်လည်လျှောက်ထားခြင်း ဖြစ်ပါက သိမ်းဆည်းစဉ်က မူလပိုင်ရှင် ဖြစ်ကြောင်း ပိုင်ဆိုင်ခွင့်အထောက်အထား တင်ပြနိုင်သူ သို့မဟုတ် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်ရှိကြောင်း သတ်မှတ်ခံရသူ သို့မဟုတ် သက်သေခံစာရွက်စာတမ်း အထောက်အထား မတင်ပြနိုင်သော်လည်း အများက ကြည်ညိုလေးစားသည့် ရပ်မိ ရပ်ဖများ၏ ထွက်ဆိုထောက်ခံချက်များ ဖြင့် မြေအသုံးချပိုင်ခွင့်ရှိကြောင်း သက်သေ ထင်ရှား ပြနိုင်သူအား ပြန်လည်လွှဲအပ် ပေးရန်။

၃) ဥပဒေနှင့်အညီ လွှဲပြောင်းရယူ ထားပြီး လက်တွေ့တွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးငှာ အမှန်တကယ် အသုံးပြုနေသည့် လယ်ယာမြေနှင့် အခြား မြေများကို သက်ဆိုင်ရာ ဌာနများက စွန့်လွှတ်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင် ရန်၊ မူလပိုင်ရှင်အား ကာလဒေသ၏ ပေါက်ဈေးနှင့်အညီ လျော်ကြေး၊ နစ်နာ ကြေးပေးရန်။

၄) သိမ်းဆည်းမြေကို ဥပဒေနှင့် အညီ ပြီးပြတ်အောင်ဆောင်ရွက်ခဲ့မှု မရှိ သည့်အပြင် လက်ရှိတွင် အများပြည်သူ အကျိုး(နိုင်ငံတော်အကျိုး)အတွက် အသုံး ပြုခြင်းမရှိသည့်မြေကို ပြန်လည်လျှောက် ထားပိုင်ခွင့်ရှိကြောင်း သတ်မှတ်ခံရသူ သို့မဟုတ် သက်သေခံစာရွက်စာတမ်း အထောက်အထားမတင်ပြနိုင်သော်လည်း အများက ကြည်ညိုလေးစားသည့် ရပ်မိ ရပ်ဖများ၏ ထွက်ဆိုထောက်ခံချက်များ ဖြင့် မြေအသုံးချပိုင်ခွင့်ရှိကြောင်း သက်သေ ထင်ရှား ပြနိုင်သူအား ပြန်လည်ပေးအပ်ရန်။

၅) သိမ်းဆည်းမြေကို ဥပဒေနှင့် အညီ ပြီးပြတ်အောင်ဆောင်ရွက်ခဲ့မှုမရှိသော်လည်း လက်ရှိတွင် အများပြည်သူ အကျိုး(နိုင်ငံတော်အကျိုး)အတွက် အသုံး ပြုထားပြီးဖြစ်ပါက ယင်းသိမ်းဆည်းမြေ ကို လက်ရှိအသုံးပြုနေသည့် ဌာန၊ အဖွဲ့ အစည်းများက မူပိုင်ရှင်များသို့ သင့်လျော် သည့်လျော်ကြေး ပေးအပ်ရန် ဆောင်ရွက် ပြီး ယင်းဌာန၊ အဖွဲ့အစည်းများ၏ ပိုင်ဆိုင် ခွင့် အမည်ပေါက်ရရှိရေးဆောင်ရွက်ရန်။

၆) သိမ်းဆည်းမြေကို ပြန်လည် ပေးအပ်ရန် လျှောက်ထားခြင်းအတွက် စိစစ်ပြီး မူလပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင် ခွင့်ရရှိသူအား ပြည်လည်ပေးအပ်ပြီး နောက် ပိုင်ဆိုင်မှုအထောက်အထားများ နှင့် စပ်လျဉ်း၍-

က) လယ်ယာမြေဖြစ်ပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ဆောင်ရွက် ပေးရန်၊

ခ) အခြားနည်းသုံးစွဲခွင့်ရရှိပြီး မြေ ဖြစ်သော်လည်း လယ်ယာမြေအဖြစ် အသုံးပြုပါနိုင်ပါက အခြားနည်းသုံးစွဲခွင့်ကို ပယ်ဖျက်ရန်၊

ဂ) လယ်ယာမြေအဖြစ် ပြန်လည်ဖော်ထုတ်နိုင်ခြင်းမရှိသည့် မြေဖြစ်ပါက ဆက်လက်သုံးစွဲနိုင်သည့် အခြေအနေပေါ် မူတည်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရန်။

ဃ) လယ်ယာမြေမှတစ်ပါး အခြား မြေဖြစ်ပါက စီမံခန့်ခွဲပိုင်ခွင့်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်ရန်။

၇) လျော်ကြေးပေးပြီးသည့် ကိစ္စ ရပ်များတွင် လျော်ကြေးနည်းပါးသည့် အတွက် ထပ်မံတောင်းဆိုလာသည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ယခင်ကာလနှုန်းထားဖြင့် လျော်ကြေးပေးချေပြီးဖြစ်သဖြင့် အဆိုပါကာလက ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြုရန်၊ သိမ်းဆည်းစဉ်က လျော်ကြေး၊ နစ်နာကြေးပေးအပ်ခဲ့သော် လည်း ရယူခဲ့ခြင်းမရှိသူများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် နေပြည်တော်ကောင်စီတို့၏ အစီအစဉ် ဖြင့်၊ ပြန်လည်စွန့်လွှတ်ခြင်း သို့မဟုတ် ဒေသ၏ ကာလပေါက်ဈေးနှင့်အညီ လျော်ကြေး၊ နစ်နာကြေးပေးခြင်း ဆောင်ရွက်ရန်။

၈) မြေပြင်၌ဖြစ်ပေါ်လျက်ရှိသော ဖြေရှင်းရန်ခက်ခဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် အမှုတွဲ အလိုက် အဆင့်ဆင့်သော စိစစ်ရေးအဖွဲ့ များက စိစစ်သုံးသပ်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ လမ်း ညွှန်ချက်ရယူဆောင်ရွက်ရန်နှင့် လိုအပ် ပါကပြည်ထောင်စုအစိုးရအဖွဲ့၏ အဆုံး အဖြတ်ရယူဆောင်ရွက်ရန်။

၉) မြို့ပြတိုးချဲ့ခြင်းနှင့် စက်မှုဇုန် ကဲ့သို့သော မြေသိမ်းဆည်းမှုပြဿနာများ ကို တိုင်းဒေသကြီး^ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်၍ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများနှင့် တောင်သူလယ်သမားများ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပြီး ကုမ္ပဏီနှင့် တောင်သူ များ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးရန်။

၁၀) ဥပဒေမဲ့သိမ်းဆည်းခဲ့ပြီး လုပ် ပိုင်ခွင့်အာဏာရှိသူများနှင့်ပေါင်း၍ လ^န ၃၉၊ မြေစာရင်း ပုံစံ ၁၀၅၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ ၇ စသည်ဖြင့် ရယူထားခြင်းတို့ကို တိုင်းဒေသကြီး^ ပြည်နယ်အစိုးရ အဖွဲ့တို့က ပယ်ဖျက်မိန့် ထုတ်ပြန်၍ သိမ်းဆည်းခံရသူ မူလ တောင်သူလယ်သမားများထံသို့ ပြန်လည် စွန့်လွှတ်ပေးအပ်နိုင်ရေး ဆောင်ရွက်ရန်။

တပ်သိမ်းဆည်းမှုနှင့် စပ်လျဉ်းသည့် မူဝါဒ ၃ ရပ်

၁) တပ်မတော်က တပ်တည်ဆောက် ရန် တပ်ပိုင်မြေအဖြစ် ပိုမိုသိမ်းဆည်းထား သည့် မြေများတွင် အရပ်သားများအား သီးစားချထားခြင်း၊ အကျိုးတူဆောင်ရွက် ခြင်းများ လုံး၀မပြုရန်၊ တပ်၏ အရွယ် အစားလိုအပ်သလောက်သာ သိမ်းဆည်းရန်။

၂) တပ်၊ ဌာနချုပ်များ၏ လုံခြုံရေး လိုအပ်ချက်များနှင့် လေ့ကျင့်ရေးကွင်း လိုအပ်ချက်များအတွက် အမှတ်တကယ် လိုအပ်သည့် အနည်းဆုံးမြေဧရိယာ အကျယ်အဝန်းကိုသာ တိုင်းတာတွက်ချက် ရယူဆောင်ရွက်သွားရန်နှင့် ကျန်မြေပို များကို သိမ်းဆည်းခံရသော မူထောင်သူလယ်သမားများ ထံပြန်လည်စွန့်လွှတ် သွား၍ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန်။

၃) တပ်၊ ဌာနချုပ်ဧရိယာများနှင့် တစ်ဆက်တစ်စပ်တည်းမရှိသော သိမ်း ဆည်းမြေများနှင့် စပ်လျဉ်း၍ တပ်မတော် က တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များမလို့ငှာ တိုက်ရိုက်အသုံးပြုလျက်ရှိသော မြေမှအပ ကျန်မြေများကို ပိုင်ဆိုင်ခွင့်ရှိသူအား အပ်နှံ ရေးအတွက် စိစစ်ဆောင်ရွက်ပြီး နိုင်ငံ တော်သို့ အမြန်ဆုံးပြန်လည်အပ်နှံရန်။

ဆက်လက်ဖော်ပြပါမည်။