အခွန်ရုံးတွင် တစ်နှစ်အတွင်း အောင်ဘာလေထီဆုငွေ လာထုတ်သူ လေးဆယ်ကျော်သာရှိ

0
487

ကျပ် ၁၀၀၀ တန်ထီ ၁ ကြိမ်မြောက် မှ ၁၂ ကြိမ်မြောက်အထိ တစ်နှစ်တာ ကာလအတွင်း အောင်ဘာလေထီဆုငွေ လာထုတ်သူ လေးဆယ်နှစ်ဦးသာရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည် တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အောင်ဘာလေထီဆုငွေထုတ်ယူရာ တွင် ထီလက်မှတ်၊ မှတ်ပုံတင်၊ အိမ် ထောင်စု၊ ပတ်စပိုစ့်ဓာတ်ပုံ စသည့် အထောက်အထားများဖြင့် မြို့နယ်ပြည် တွင်းအခွန်များ ဦးစီးဌာနတွင် တင်ပြ တောင်းခံရပြီး ၂ ပတ်မှ တစ်လခန့်ကြာ လေ့ရှိကြောင်း အထက်ပါဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး နန်းဆိုင်အုံက ပြောသည်။

“ချက်ချင်း ပိုက်ဆံမရဘူး။ ဒါက တောင်းခံရသေးတယ်လေ။ နေပြည်တော် ကို။ သူက ထုတ်ခွင့်ပြုပါဆိုမှ ချက်လက် မှတ်နဲ့ ပေးရမှာ။ ဘဏ်မှာ တစ်ခါသွား ထုတ်ဆိုတော့ လုပ်တဲ့နည်း အဆင့်ဆင့် တွေက နည်းနည်းကြာတာပေါ့”ဟု နန်းဆိုင်အုံက ဆိုသည်။

သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဆုငွေ ထုတ်ယူရာတွင် ချက်ချင်းထုတ်ယူမရ သောကြောင့် ပြင်ပဆိုင်များတွင် ရောင်းချကာ ဆုငွေ ကျပ်ငါးသောင်းကို ငွေကျပ် သုံးထောင်ခန့် လျော့ဖြင့် ထုတ်ယူ ကြသည်က များသည်ဟု နန်းဆိုင်အုံက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဆုငွေထုတ်ယူပါက ငွေကြေးအပြည့်အဝ ရသည်ဟု ၎င်းက ပြောသည်။

ထီပေါက်သည့်ဆုငွေကို ငွေဖြူ ပြ၍ရပြီး ထီပေါက်သည့်ဆုငွေ ပမာဏ အပေါ်မူတည်ကာ အိမ်ဆောက်၊ ကားဝယ်၊ လုပ်ငန်း တစ်ခုခုလုပ်ခြင်း၊ ပစ္စည်း တစ်ခုခုဝယ်ယူခြင်းများအတွက် ဝင်ငွေရ လမ်းတင်ပြနိုင်ပါက အခွန်ကင်းလွတ်ခွင့် ရသည်ဟု ၎င်းက ရှင်းပြသည်။

သူငယ်ချင်းဖြစ်သူမှ ငါးသောင်းဆု နှစ်ဆုပေါက်သဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် တင်ပြလျှောက်ထားရာ အချိန်မည်မျှကြာမည်ကို မသိရသော ကြောင့် ပြင်ပဆိုင်တွင် ကျပ် ၅ သောင်း ထီဆု လက်မှတ်နှစ်စောင်ကို ငွေကျပ် လေးထောင်လျော့ဖြင့် ရောင်းချကာ ထုတ်ယူခဲ့သည်ဟု ထားဝယ်၊ မြိတ်လမ်း၊ ရှမ္မလည်ဆွဲရပ်ကွက်မှ ဦးမောင်ညိုက ပြောသည်။

“အပြင်ဆိုင်တွေမှာကတော့ ကြန့် ကြာတယ်ဆိုပြီး မရှိဘူး။ ဆုငွေငါးသောင်း ဆိုရင် နှစ်ထောင်တော့ စရိတ်စကအတွက် ဆိုပြီး ပေးရတယ်”ဟု ဦမောင်ညိုက ဆိုသည်။

မိုးမြင့်