ထားဝယ်စည်ပင်ဈေးကြီး အိမ်သာသန့်ရှင်းမှု အားနည်း

0
602

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီး(အထက်ဈေး)ရှိ အများသုံးအိမ်သာမှာ သန့်ရှင်းသပ်ရပ်မှု အားနည်းလှသည် ဟု ဈေးရောင်းချသူများက ပြောဆိုသည်။

အဆိုပါဈေးရှိ အိမ်သာကို အဆင့် မြှင့်ကာ ပြန်လည်တည်ဆောက်ထား သော်လည်း သန့်ရှင်းရေးလုပ်ဆောင်မှု အားနည်းနေခြင်း ဖြစ်သည်။

အများသုံးအိမ်သာ တစ်ကြိမ် အသုံး ပြုခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၀၀ ကောက်ခံနေပြီး ခင်းထားသည့် ကြွေပြားနှင့် အိမ်သာခွက်တို့မှာ သန့်ရှင်းမှု အားနည်းနေကြောင်း ဈေးအတွင်း အဝတ်အထည်ရောင်းချနေသည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခြားနေရာတွေလိုမျိုး သန့်သန့် ရှင်းရှင်းလေး ဖြစ်စေချင်တယ်”ဟု အထက် ပါ အမျိုးသမီးက ပြောသည်။

အိမ်သာသုံး ရေပန်း ခေါင်းများလည်း ပျက်စီးနေပြီး အိမ်သာ နံရံတို့တွင်လည်း ညစ်ပတ်နေသည့်အတွက် သန့်ရှင်း သပ်ရပ်စွာ ဖြစ်စေလိုကြောင်း ဈေးရောင်း ချသူ အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။

ဈေးအိမ်သာ သန့်ရှင်းနေစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

“အခုကနေပြီး သန့်ရှင်းအောင်လုပ် မှာပေါ့။ ဒါကတော့ ကိုယ့်ဝတ္တရားပဲလေ”ဟု အမှုဆောင်အရာရှိက ဆိုသည်။

ဈေးကြီးအတွင်းရှိ အများသုံး အိမ်သာကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အဆင်မြှင့်တင် တည်ဆောက်ထားသည်။

Dawei Watch