မြိတ်နှင့်တနင်္သာရီမြို့သို့ ရေချိုပေးဝေမည့် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာသန်း ၇၀ ခန့် ရှိမည်

0
375

တနင်္သာရီမြစ်အတွင်းမှ ရေချို ရယူပြီး မြိတ်နှင့် တနင်္သာရီမြို့နယ်များသို့ ရေပေးဝေးမည့် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု မှာ ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်ရှိမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဒါရိုက်တာ အတွင်းရေးမှူး ဦးမျိုးအောင်ထံမှ သိရသည်။

အဆိုပါ ရေပေးဝေရေးစီမံကိန်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းချ ပြခြင်းနှင့် ပြည်သူများ၏ သဘောထား အမြင် ရယူခြင်း အခမ်းအနားကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ ရှင်းလင်းပွဲကို တနင်္သာရီ မြို့နယ်တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြိတ်အများပိုင်မှ သိရ သည်။

တနင်္သာရီမြစ်ရေများ ထုတ်ယူနိုင် မည့်နေရာအဖြစ် တနင်္သာရီမြို့နယ် မော်တုံးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့ကို ပဏာမ ရွေးချယ်ထားပြီး ယင်းနေရာတို့မှ အင်္ဂမော်ကျေးရွာရှိ ရေသန့်စင်စက်ရုံမှတစ်ဆင့် မြိတ်သို့ ရေများပို့ဆောင် သွားမည်ဖြစ်ကြောင်း မြိတ်အများပိုင်မှ သိရသည်။

ရေပေးဝေရေးစီမံကိန်းအတွင်းကျ ရောက်မည့် လယ်ယာမြေများအတွက် နစ်နာကြေးများ ရရှိရန် တောင်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြိတ်အများပိုင် တာဝန် ရှိသူတစ်ဦးက အဆိုပါ အခမ်းအနားတွင် ပြောသည်။

လက်ရှိတွင် စီမံကိန်း ခွင့်ပြုချက် ရရှိရေးအတွက် ဆောင်ရွက်နေပြီး မည်မျှ ကြာမည်ကို အတိအကျ မခန့်မှန်းနိုင် ကြောင်း ဦးမျိုးအောင်က ပြောသည်။

စီမံကိန်း အကောင်အထည်ဖော် သည့်ကာလမှာ ၂ နှစ်ကြာမည်ဖြစ်ပြီး မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်နှင့် ထိုင်းနိုင်ငံ Bright Blue Water Corporation Limited တို့ ပူးပေါင်း လုပ်ဆောင်မည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

မြင့်မိုရ်(မြိတ်)