သင်တန်းအတွက် စားပွဲခင်း ၁၄ သိန်းဖိုး ဝယ်သည့်ဌာန

0
858

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၁၈ ခုနှစ်က သင်တန်းလုပ်ရန် စာပွဲခင်း ၁၄ သိန်းဖိုး ဝယ်ယူခဲ့ကြောင်း တိုင်းဒေသကြီးစာရင်း စစ်ချုပ်က လွှတ်တော်တွင် အစီရင်ခံသည်။

စားပွဲခင်းများမှာ ပြန်အသုံးပြု၍ ရသော်လည်း သင်တန်းဖွင့်လှစ်မှု ၉ ကြိမ်တွင် တစ်ကြိမ်လျှင် ပျမ်းမျှ ၈၉ ကိုက်နှုန်းဖြင့် စာပွဲခင်းကိုက် ၈၀၀ ဝယ်ခဲ့ကြောင်း ၁၅ ကြိမ်မြောက် တိုင်း လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံခြင်း ဖြစ်သည်။

ယင်းသို့ ဝယ်ယူခြင်းမှာ အသုံး စရိတ်တစ်ရပ်ကို အမှန်တကယ် လိုအပ် သည်ထက် ပိုမိုသုံးစွဲထားသဖြင့် ဘဏ္ဍာ ရေးကျင့်စဉ်ကြီးများနှင့် မညီညွတ်သည်ကို တွေ့ရကြောင်း စာရင်းစစ်ချုပ်က ပြောဆိုခဲ့သည်။

Dawei Watch