ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

0
325

ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်း ပွဲတော် Mini Thailand Week 2020 Myeik ကို မြိတ်ကမ်းနားလမ်းရှိ မြိတ် ကုန်တိုက်တွင် ဖေဖော်ဝါရီလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြိတ်ကုန်တိုက်မှ သိရသည်။

အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များနှင့် အီလက်ထရွန်းနစ်၊ ဖက်ရှင်အသုံးအဆောင်၊ စားသောက်ကုန်၊ အလှကုန်၊ အဆင့်မြင့်လူသုံးကုန်များနှင့် ထိုင်းနိုင်ငံထုတ် နာမည်ကျော် ပစ္စည်းများအား ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Dawei Watch