ကျပ်သိန်းပေါင်းနှစ်သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ

0
1144

ပင်လယ်ငါးဖမ်းလှေများ အများ ဆုံးဆိုက်ကပ်ရာ မြိတ်ရှိ လွန်းကျင်းတစ်ခု တွင် ကျပ်သိန်းပေါင်းနှစ်သိန်းကျော် တန်ဖိုးရှိသည့်ICE (KETAMINE) မူးယစ်ဆေးဝါးနှင့်ပစ္စတိုသေနတ်တစ်လက်ဖမ်းဆီးရမိကြောင်းမြိတ်မြို့၊ မြို့မ ရဲစခန်းမှသိရသည်။

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာ အုပ်စု၊ ကျွဲကူးကျေးရွာလွန်းကျင်းတွင်ဆိုက်ကပ်ထားသည့် လှေမှဇန်နဝါရီ၁၄ ရက်က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖမ်း ဆီးရမိခဲ့ကြောင်းမြိတ်ရဲစခန်းထံမှ သိရ သည်။

လှေအတွင်းရှိလှေသား၂ဦးကို စစ်ဆေး ရာမှမြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင်တည်းခိုနေသည့် ယင်းလှေပဲ့နင်းအားဖမ်းမိပြီး ၎င်းထံတွင် ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံနှစ် တောင့်နှင့် ဂြိုလ်တုဖုန်းတစ်လုံးကိုပါ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

လှေသားနှစ်ဦးမှာ ရခိုင်ပြည်နယ်မှ ဖြစ်ပြီး လှေပဲ့နင်းမှာ ကော့သောင်းမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲစခန်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ သုံးဦးကို မူးစိတ် ပုဒ်မ၁၉က/၂၀က/၂၂ခ/၂၁ဖြင့်အမှုဖွင့် ကာဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ချိုလွင် ထံမှသိရသည်။

Dawei Watch