မြိတ်ဆိပ်ငယ်ဈေးကြီး အမိုးဆောက်ချိန်ဆိုင်ခန်း ခြောက်ရာကျော် ရပ်နားထားရမည်

0
947

မြိတ်မြို့ဆိပ်ငယ်ဈေးကြီးရှိ ဈေးအမိုးဆောက်လုပ်သည့်အချိန်တွင် ဈေး ဆိုင်ခန်းပေါင်း ခြောက်ရာကျော်ရပ်နား ထားရမည်ဖြစ်ကြောင်းဆိပ်ငယ် ဈေး ကော်မတီဥက္ကဋ္ဌဦးမြတ်ရှိန်က ပြောကြား သည်။

ဆိပ်ငယ်ဈေးကြီးရှိ ဈေးဆိုင်ခန်း စုစုပေါင်း၁၅၀၀ ကျော်ရှိသည့်အနက် အမိုးဆောက်လုပ်မည့် အပိုင်းမှဆိုင်ခန်း ပေါင်းခြောက်ရာကျော်မှာ ဇန်နဝါရီလ၃၀ ရက်နောက်ဆုံးထားပြီး အပြီးထွက်ပေးရမည်ဖြစ်ကြောင်း ဦးမြတ်ရှိန်က ပြောဆိုသည်။

“ဈေးအလယ်တည့်တည့်ကအဓိပတိ လမ်းကိုခြမ်းပြီး အပေါ်ဘက်ခြမ်းကို အရင်လုပ်မှာပါ”ဟု ကော်မတီဥက္ကဋ္ဌ ဦးမြတ်ရှိန်က ဆိုသည်။

အဆိုပါဈေးအမိုးအား၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်စည်ပင်ယာယာရေး ဘဏ္ဍာငွေ ကျပ်သန်းငါးရာနီးပါးအသုံးပြု၍ ဆောက်လုပ်သွားမည်ဖြစ်သည်။ အမိုးမှာ အရှည်၃၀၀ ပေ၊ အကျယ်၁၁၃ ပေ နှင့်အမြင့်၂၀ ပေ ရှိပြီးဖေဖော်ဝါရီလမှ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်ကော်မတီ ထံမှသိရသည်။

ဈေးခေါင်များဆောက်လုပ်ရာတွင် ထိခိုက်ပျက်စီးနိုင်သည့်ဆိုင်ခန်းအရေ အတွက်ခုနှစ်ဆယ်ကျော်ခန့်ရှိပြီးပျက်စီး ဆိုင်ခန်းများအားဆိုင်ပိုင်ရှင်များမှ ပြန်ပြင် ရမည်ဟုဆိုသည်။ ဈေးခေါင်ဆောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်သည့် စုံညီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်က ကျင်းပခဲ့သည်။

မြင့်မိုရ်(မြိတ်)