ဒေသခံတစ်ဦး၏ ဥယျာဉ်ခြံအတွင်း တပ်မတော်၏ လက်နက်ကြီးကျည် ထပ်ကျပြန်

0
504

မြိတ်ခရိုင် ပုလောက်မြို့ ၀ဇွမ်းအုပ် ကျေးရွာအနီးတွင်ရှိသည့် တပ်မတော်မှ သင်တန်းသားများ လေ့ကျင့်ပစ်ခတ် လိုက်သည့် RPG လက်နက်ကြီးကျည်ဟု ယူဆရသည့် ကျည်တစ်ခုကို ဒေသခံ တစ်ဦး စိုက်ပျိုးလုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံထဲတွင် တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ဒုတိယအပတ်က အမှတ် (၁၂) တပ်မတော် အတန်းမြင့်လေ့ကျင့်ရေး ကျောင်းက လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက်ကြီးပစ်သံများကိုကြားရပြီး ဇန်နဝါရီလ ၁၇ ရက်က ဥယျာဉ်ခြံထဲ သီဟိုဠ်စေ့သွားကောက်ရာ RPG လက် နက်ကြီးကျည်ဟု ယူဆရသည့် မပေါက် ကွဲသေးသည့် ကျည်တစ်ခုကိုတွေ့ရ ကြောင်း ဒေသခံ စောဝေဝေက ပြောသည်။

လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည်မှာ နှစ်လုံးရှိသည်ဟု ဒေသခံ အချို့ကပြောဆိုကြပြီး တစ်လုံးမှာ ပေါက် ကွဲသွားပြီး ကျန်တစ်လုံးမှာ မပေါက် ကွဲသေးဘဲ မြေထဲစိုက်ဝင်နေသည်ကို တွေ့ရသဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူ ထားကြောင်း စောဝေဝေက ပြောသည်။

မပေါက်ကွဲသေးဘဲ ကျန်နေသည့် လက်နက်ကြီးကျည်ကို ဇန်နဝါရီလ ၁၇ ရက်အထိ တပ်မတော်ဘက်မှ လာရောက် မဖောက်ခွဲသေးသဖြင့် မြေထဲစိုက်ဝင်နေသည့် အနေအထားတိုင်းပင်ရှိနေသေး ကြောင်း ဒေသခံ စောအားကျော်ဦးက ပြောသည်။

“အခုကျတဲ့ လက်နက်ကြီးကိုကျ တော့ အခုထက်ထိကို လာမဖောက်ခွဲ သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆီကို ကျွန်တော်တို့အကြောင်းမကြားလို့ပေါ့။ နှစ်လုံးကျတာ တစ်လုံးကွဲပြီး တော့ တစ်လုံးက အခုထိရှိနေတုန်းပဲ”ဟု စောအားကျော်ဦးက ပြောသည်။

တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်းက လေ့ကျင့်ပစ်ခတ်သော လက်နည် ခဲယမ်းများ ၀ဇွမ်းအုပ် ဒေသခံ များ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ် ခြံထဲ မကြာခဏကျရောက်လေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် သုံးကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသုံးကြိမ်စလုံးတွင်တော့ မပေါက်ကွဲသေးသည့် လက်နက် ခဲယမ်းများကို တပ်မတော်ဘက်က လာရောက် ရှာဖွေကာ ဖောက်ခွဲပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းကဲ့သို့ လာရောက်ဖောက်ခွဲပေး ရန် အကြိမ်ကြိမ်ပြောဆိုမှ လာရောက် ဖောက်ခွဲပေးခြင်းဖြစ်ပြီး ဒေသခံများကမူ လက်နက်ပစ်ခတ်ကာ လေ့ကျင့်ရသည့် စစ်ရေးဆိုင်ရာ လေ့ကျင့်မှုများကို ဥယျာဉ် ခြံများအနီးတွင် မလုပ်ဆောင်စေလိုကြောင်း ပြောဆိုကြသည်။

တပ်မတော်ဘက်ကမူ မပေါက်ကွဲ သေးသည့် လက်နက်ခဲယမ်းများ ဥယျာဉ် ခြံများအတွင်း တွေ့ရှိရပါက အကြောင်း ကြားပေးရန် ဒေသခံများကို မှာကြားထားသည်။

“သွားပြီးအကြောင်းဖို့လည်းမလိုဘူး။ သူတို့ပစ်တဲ့လက်နက်ကြီးပေါက် ကွဲတာ သူတို့သိတယ်။ မပေါက်ကွဲတဲ့ ကျည်ဆံကို ပြန်ရှာပြီး ဖောက်ခွဲဖို့သူတို့ မှာတာဝန်ရှိတယ်။ ခုပုံစံက ပြည်သူကို အလေးမထားတဲ့ပုံစံနဲ့ လုပ်နေတာ”ဟု စောဝေဝေက ဆိုသည်။

လက်နက်ခဲယမ်းများ မကြာခဏ ကျရောက်နေသည့် ဥယျာဉ်ခြံများသည် တပ်မတော်နှင့် ဒေသခံများအကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာဖြစ်သည်။

ကျော်သူစိုး