ဆရာမ ဝန်ထမ်းအိမ်ရာ အလုံးနှစ်ရာကျော် ဆောက်မည်

0
482

လက်ရှိဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ များနေထိုင်ရန် ဝန်ထမ်းအိမ်ရာအလုံးရေ နှစ်ရာကျော် ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနထံမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ ၂၁၆ လုံးအတွက် တိုင်းအစိုးရအဖွဲ့ရုံး၏ အသုံးစရိတ်မှ ကျပ်သန်း ၄၃၂၀ အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနက ထုတ်ပြန်သည့် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များအရ သိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာများကို မြို့နှင့် အလှမ်းဝေးသည့် ကျေးလက် ဒေသများတွင် ဆောက်လုပ်မည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုက ဆိုသည်။

အဆိုပါဒေသများတွင် တာဝန်ကျ နေသည့် ဆရာမများက ရပ်ရွာအတွင်းရှိ အခြားမိသားစုနေအိမ်များတွင် နေထိုင် ကြရသည့်အတွက် ကျေးလက်ဒေသ များကို ဦးစားပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လိုအပ်ချက်အရပေါ့။ တစ်တိုင်း လုံးတော့ အားလုံးမပြည့်သေးဘူးပေါ့။ တကယ့်ကို အခက်အခဲဖြစ်နေတဲ့နေရာ တွေကို အရင်ဆောက်လိုက်တယ်”ဟု ဝန်ကြီးဒေါ်ရီရီချိုက ဆိုသည်။

ဆရာ၊ ဆရာမများနေထိုင်မည့် ဝန်ထမ်းအိမ်ရာကို နှစ်ခန်းတွဲ တစ်ထပ် အဆောက်အအုံ ဆောက်လုပ်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

စာသင်ကျောင်းအနီးတွင် ဆရာ၊ ဆရာမ နေထိုင်သည့်အဆောင်ကို ရပ်ရွာ အစီအစဉ်ဖြင့် ဆောက်လုပ်ပေးထား သော်လည်း လုံခြုံမှုမရှိသည့်အတွက် စိတ်မချဖြစ်နေရကြောင်း ထားဝယ်မြို့ နယ်အတွင်းရှိ အရှေ့တောဒေသ(မေတ္တာ မြို့ဘက်)တွင် တာဝန်ထမ်းဆောင် နေသည့် ဆရာမတစ်ဦး၏ ခင်ပွန်းဖြစ်သူက ဆိုသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကလည်း ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာ ၂၇ လုံးကို ကျေးလက်ဒေသတွင် ဆောက်လုပ်ပေး ခဲ့သည်။

Dawei Watch