မြို့နယ်ငါးခုတွင် နေ့စားလပေး မူလတန်းပြ ဆရာ/မ သုံးရာခန့်မည်

0
494

မြို့နယ်ငါးခုရှိ အခြေခံပညာ ကျောင်းများတွင် ဆရာလိုအပ်ချက်အရ သင်ကြားရေးအထောက် အကူပြု မူလ တန်းပြ ဆရာ၊ ဆရာမ သုံးရာအား နေ့စားလပေးအဖြစ် ခန့်အပ်သွားမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် မြို့နယ်ငါးခုရှိ အခြေခံပညာကျောင်းများတွင် ခန့်အပ် သွားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“အခုတို့ခန့်တဲ့ကျောင်းတွေသည် ဝေးလံတဲ့ကျောင်းတွေ များတယ်”ဟု ဒေါ်မြင့်စိန်က ဆိုသည်။

ယခုခန့်သည့် နေ့စားလပေး ဆရာ၊ ဆရာမများသည် တာဝန်ကျသည့် ကျောင်းတွင် မူလတန်းပြဆရာအဖြစ် အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ပေး ရမည်ဖြစ်ပြီး နေ့စားလပေးအဖြစ်သာ တစ်သက်လုံးခန့်အပ်မည်ဖြစ်ပြီး အမြဲ တမ်းဝန်ထမ်းအဖြစ် ခန့်အပ်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။

မိုးမြင့်