အစုအဖွဲ့ပိုင်သစ်တော ဧကခြောက်ရာကျော် ခွင့်ပြု

0
425

သရက်ချောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တော(CF) လုပ်ကိုင်ရန် ဒေသခံပြည်သူအစုအဖွဲ့ နှစ်ဖွဲ့အား သစ်တောဧက ခြောက်ရာကျော် ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ခွင့်ပြုပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် ကျောက်ဆည်ကျေးရွာတွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၂၄၀ ဧကနှင့် ပိတောက်ငယ်ကျေးရွာတွင် ဧရိယာ ၂၄၈ ဧကကို ခွင့်ပြုပေးခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောသည်။

သစ်တောများကို ဌာနမှ ဝန်ထမ်း အင်အားဖြင့် ထိန်းသိမ်းခြင်းထက် ဒေသခံ ပြည်သူကိုယ်တိုင် အစုအဖွဲ့များဖြင့် သစ်တောထိန်းသိမ်းခြင်းက ပိုမိုထိ ရောက်သဖြင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ဦးမောင်မောင်အေးက ပြောသည်။

အစုအဖွဲ့ပိုင်သစ်တောဆိုသည်မှာ သစ်ပင်ပေါက်ရောက်မှုနည်းသည့်နေရာ နှင့် သစ်တောပြုန်းတီးနေသည့်နေရာ များတွင် သစ်တောများပြန်လည်တည် ထောင်စိုက်ပျိုးခြင်း၊ အစုအဖွဲ့ပိုင်သစ် တော လုပ်ကိုင်ခွင့်ပြုပြီးထွက်ရှိလာသည့် သစ်တောထွက်ပစ္စည်းများကို စည်းကမ်း တကျ ထုတ်ယူသုံးစွဲစေသည့် စနစ်ဖြစ်သည်။

“တောထဲက တချို့အပင်တွေကို ခုတ်ပြီးတော့ သုံးမယ်။ မြေနေရာရှင်းနေ တဲ့နေရာမှာ သူတို့ ဘာအပင်တွေ ပြန်စိုက် မယ်၊ သူတို့ရဲ့စီမံချက်ပေါ့။ သူတို့ အတွက်လည်း အကျိုးအမြတ်လည်း ရမယ်။ ပြီးတော့ သစ်တောကိုလည်း ထိန်းပြီးသား ဖြစ်ရမယ်”ဟု ဦးမောင်မောင်အေးက ဆိုသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် သစ်တော များကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ် ပြီး အစုအဖွဲ့မှ သစ်တောထွက်ပစ္စည်းများကို ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သောကြောင့် စီးပွားရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အဆင်ပြေမည်ဟု သရက်ချောင်းမြို့ နယ် ဆင်ကူးကျေးရွာမှ ဦးသူရထွေးက ပြောသည်။

အချို့သော ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောလုပ်ကိုင်သူများမှာ သစ်တောမှ သစ်များကို ထုတ်ယူခြင်း မရှိသလို စိုက်ပျိုးခြင်းလည်းမရှိဘဲ သစ်ပင်သစ်တောရှိက ရေအရင်းအမြစ် များရသဖြင့် သစ်တောများကို ထိန်းချင် ရုံသက်သက် လျှောက်ထားသူများလည်း ရှိကြောင်း ဦးမောင်မောင်အေးက ပြောသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ် တောကို သစ်တောမြေဖြစ်သည့် ကြိုး ပြင်၊ ကြိုးဝိုင်းကာကွယ်တောများအပြင် အစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် မြေလွတ် မြေလပ်၊ မြေရိုင်းတွင် မြေစာရင်းဦးစီး ဌာန၏ ခွင့်ပြုချက်ရယူကာ CF လျှောက် ထားနိုင်သည်ဟု ဦးမောင်မောင်အေးက ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် (CF) ခွင့်ပြုရန် လျာထားသည့် သစ်တော ၂၀၂၅ ဧက ရှိပြီး ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၁၇၁၀ ဧကကို အစုအဖွဲ့ ၆ ဖွဲ့က လျှောက်ထားဆဲဖြစ်ကြောင်း အထက်ပါ ဌာန၏ စာရင်းများအရ သိရသည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ တနင်္သာရီတိုင်းအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(င်္ဃ) လုပ်ကိုင်ရန် အစုအဖွဲ့ ၇၇ ဖွဲ့ကို အကျယ်အဝန်း ၃၄၀၂၆.၇ ဧက ခွင့်ပြုပေးထားကြောင်း အထက်ပါ ဌာန၏ စာရင်းများအရ သိရသည်။

မိုးမြင့်