ယခုနှစ် ပြေးခုန်ပစ် တံခွန်စိုက်ဆုရှင် လောင်းလုံးနှင့်မြိတ်

0
444

တနင်္သာရီတိုင်း မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် လောင်းလုံးမြို့နယ်နှင့် မြိတ်မြို့နယ်တို့ က ဆွတ်ခူးသွားခဲ့သည်။

အမျိုးသားပြိုင်ပွဲ တံခွန်စိုက်ဆုကို လောင်းလုံးမြို့နယ်က ရရှိခဲ့ပြီး အမျိုးသမီး တံခွန်စိုက်ဆုကို မြိတ်မြို့နယ်က ရရှိခဲ့ ခြင်းဖြစ်ကြောင်း တိုင်းအစိုးရဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ယင်းပြိုင်ပွဲကို မြို့နယ် တစ်ခုလျှင် အမျိုးသား၊ အမျိုးသမီး ကစားသမား ၁၃ ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ပြေးခုန်ပစ်ကစားနည်း ၁၇ မျိုးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများတွင် တနင်္သာရီတိုင်း အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်အဖွဲ့သည် ဒုတိယဆုကို နှစ်နှစ်ဆက်တိုက် ရရှိထားပြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်အဖွဲ့က သုံးနှစ်ဆက်တိုက် ပထမဆု( အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆု) ရရှိ ထားသည်။

တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများတွင် တနင်္သာရီတိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်းများအားလုံးအနက် ပြေးခုန်ပစ်အားကစားနည်းက ရွှေတံဆိပ် အများဆုံး ဆွတ်ခူးပေးထားနိုင်ခဲ့ပြီး တနင်္သာရီတိုင်း၏ အောင်မြင်ဆုံး အားကစားနည်း တစ်ခုလည်း ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောဆိုထားသည်။

Dawei Watch