အခြေခံပညာကျောင်းများတွင် အားကစားပစ္စည်းများ တပ်မည်ဟုဆို

0
411

တနင်္သာရီတိုင်းအပါအဝင် မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်း များတွင် ကိုယ်လက်လှုပ်ရှား အားကစား ပစ္စည်းများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်က ပြုလုပ် သည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်း အဝေးတွင် တနင်္သာရီတိုင်း ကျွန်းစုမြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်တင်တင်ရီ၏ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဒုဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အခြေခံပညာဦးစီးဌာန ရန်ပုံငွေဖြင့်လည်း အခြေခံပညာကျောင်း များကို အားကစားပစ္စည်းများ ထပ်မံချထားပေးရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
သို့သော် မည်သည့်အချိန်တွင် အားကစားပစ္စည်းမည်မျှ တပ်ဆင်ပေးမည်ကိုမူ ဒုဝန်ကြီးက ထည့်သွင်းဖြေကြား သွားခြင်း မရှိပေ။

အားကစားလှုပ်ရှားမှုများဆောင် ရွက်နိုင်ရန်အတွက် တနင်္သာရီတိုင်းကို ယခုနှစ်တွင် ဘောလုံး သုံးထောင်ကျော် (၃၀၅၈ လုံး)၊ ဘော်လီဘော ခြောက်ရာကျော်(၆၀၂ လုံး) ခွဲဝေပေးထားပြီးဖြစ် ကြောင်း ဦးဝင်းမော်ထွန်းက ပြောသည်။

ကျောင်းသား၊ ကျောင်းသူများ ကိုယ်လက်လှုရှားမှုနည်းပါးလာကြောင့် အထက် တန်းကျောင်းများတွင် ကိုယ်ကာယ လေ့ကျင့်ခန်း အားကစားပစ္စည်းများ ပညာရေးဝန်ကြီးဌာနမှ ချထားပေးစေရန် ယင်းမေးခွန်းကို မေးမြန်းခြင်း ဖြစ်ကြောင်း ဒေါ်တင်တင်ရီက ပြောသည်။

လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ များသည် ကျောင်းစာမှလွဲပြီး အခြား မည်သည့်အားကစားကိုမျှ လုပ်ဆောင် နိုင်ခြင်း မရှိသည့်အပြင် ကျောင်းဆင်းပါ ကလည်း ကျူရှင်နှင့် နပန်းလုံးနေရကြောင်း ဒေါ်တင်တင်ရီရီက ပြောသည်။

“ကျောင်းချိန်ပြင်ပမှာလည်း ကျောင်းသား၊ ကျောင်းသူတွေဟာ ကျူရှင် နဲ့ အချိန်ပြည့် နပန်းလုံးနေရပြီး အချိန် ပြည့် ဘာသာရပ်အလိုက် အချိန်ပြည့် ကျက်မှတ်နေရသဖြင့် မအားမလပ်ဖြစ် နေကြပါတယ်”ဟု ၎င်းက ဆိုသည်။

Dawei Watch