နိုင်ငံအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ထားဝယ်တွင် ပထမဆုံးအကြိမ် ကျင်းပမည်

0
546

ပြည်နယ်နှင့်တိုင်း ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ထားဝယ်တွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပမည်ဖြစ်သည်။

စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၄၅ နှစ်အထက် တစ်ဦးချင်းပြိုင်ပွဲ၊ ဝါသနာရှင် တစ်ဦးချင်းပြိုင်ပွဲနှင့် ဝါသနာ ရှင် အသင်းလိုက်ပြိုင်ပွဲဟူ၍ သတ်မှတ် ထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ အတွင်း ရေးမှူး ဦးသန့်ဇင်က ပြောသည်။

“ဖိတ်ခေါ်ထားတာတော့ နိုင်ငံတစ်နိုင်ငံလုံး ဖိတ်ခေါ်ထားတာပေါ့နော်။ အဓိက တော့ ကစားသမားတွေများလာအောင် စားပွဲတင်တင်းနစ် ဖွံ့ဖြိုးလာအောင် ရည်ရွယ်တယ်ပေါ့ဗျာ”ဟု ဦးသန့်ဇင်က ဆိုသည်။

ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်အထိကျင်းပပြုလုပ် မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းမှ စားပွဲ တင်တင်းနစ်ကစားသမား ၁၂၀ မှ ၁၅၀ ဦး အထိ လာရောက်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းထားကြောင်း ဦးသန့်ဇင်က ပြောသည်။

နိုင်ငံအဆင့် လက်ရွေစင်ကစား သမားများနှင့် ဝါသနာရှင်များနှင့်အတူ ကစားခွင့်ရသဖြင့် အတွေ့အကြုံကောင်း များရရှိကာ ကစားနည်းပညာရပ်များကို လည်းလေ့လာနိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါပြိုင်ပွဲကို တိုင်းအားကစား နှင့် ကာယပညာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးစားပွဲတင်တင်းနစ်ဆပ် ကော်မတီ၊ WOW SPORTS Co., Ltd၊ ထားဝယ် ကွမ်းသီးလုပ်ငန်းရှင်များ အသင်း စသည့် အလှူရှင်များ၏ ပံ့ပိုး ကူညီမှုဖြင့် ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါဆပ်ကော်မတီထံမှ သိရသည်။

ပြိုင်ပွဲကို တိုင်းအားကစားနှင့် ကာယ ဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ ပြိုင်ပွဲသို့ လာရောက်မည့် အခြားတိုင်းနှင့်ပြည်နယ် မှ ကစားသမားများ တည်းခိုနေထိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း တိုင်း အား/ကာ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ကိုယ့်တိုင်းထဲမှာရှိတဲ့ စားပွဲတင် တင်းနစ်သမားတွေက ပြင်ပ တစ်ခြား တစ်ပြည်လုံးမှာရှိတဲ့ လက်ရည်ရှိတဲ့ ကစားသမားတွေနဲ့ လက်ရည်စမ်းလို့ရ သွားတာပေါ့။ သူတို့ရဲ့အခြေအနေကို လည်း အကဲခတ်လို့ရသွားတာပေါ့။ ကိုယ့် ဆီက ကစားသမားတွေ ကြည့်လို့ရသွား တော့ ဒါတွေက အမြတ်ပေါ့”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ပြိုင်ပွဲကြီးကြပ်ရန်အတွက် မြန်မာ နိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ဒိုင်လူကြီး များလာရောက်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်းဦ ဦးစိုးမိုးနိုင်က ပြောသည်။

Dawei Watch