ပြည်သူရဲ့ သိပိုင်ခွင့်အတွက် ပြောဆိုကြရာတွင်

0
569

ခေတ်ရဲ့ အပြောင်းအလဲမှာ ကျွန်တော်တို့တွေ စကားပြောလာကြရသည်။ တာဝန်ယူ တာဝန်ခံလာကြရသည်။ ဒါတွေ သည် အပြောင်းအလဲတစ်ခုအဖြစ် မြင်လို့လည်း ရသည်။ သို့သော် အထူးတလည် ပြောင်းလဲလာတာမျိုးတော့ မဟုတ်ပါချေ။

လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတိုင်း သိသင့်တာတွေကို ပြောဆိုရှင်းပြ လာရ၊ သူယုံကြည်ရာကို ပြောဆိုခွင့် ပေးကြရသည့် သဘောသာ။ ဆိုရလျှင် ပြောပြသင့် ပြောပြထိုက်တာတွေကို လူသားတို့ သိခွင့်ရှိသည့်အတွက် ပြောပြ လာရခြင်းသည်လည်းကောင်း၊ သူယုံ ကြည်ရာကို သူပြောပိုင်ခွင့် ဝေဖန်ပိုင်ခွင့် အရ ပြောရေးဆိုခွင့် ပေးလာကြရသည့် သဘောသာဖြစ်ပါသည်။ ယင်းသည် ပင်လျှင် သည်ဘက်ခေတ်၏ မဟာအပြောင်း အလဲကြီးအဖြစ် မမှတ်ယူအပ်ပါ။ ဟိုးဘက် အစိုးရ ဦးသိန်းစိန် လက်ထက်မှ စပြီး အထိုက်အလျောက် ပြောဆိုဝေဖန်ခွင့် ရလာခဲ့သည်။ သည်ဘက်ခေတ်မှာ အဲသည် အပြောင်းအလဲ ဖြစ်စဉ်ကို ဆက်ခံကြ သည့်သဘောသာ။ ပြောကြဆိုကြသူတွေ ကို ပိုလို့အကဲတွေဆတ်လျက် တရားစွဲ တာတွေက သည်ဘက် တစ်ခေတ်မှာ ပိုလာတာလည်း တွေ့လာကြရသည်။

အဖွဲ့အစည်းတစ်ခု၊ ဌာနတစ်ခုကို ဦးဆောင်တာဝန်ယူကြရသူတို့အဖို့ ီနခနညအမေူငဖအေငသည သဘောအရ အထိုက် အလျောက် တာဝန်ယူတာဝန်ခံလျက် ပြောဆိုလာကြရသည်က ယခင်တစ်ခေတ် ကတည်းက ဖြစ်သည်။ ကိုယ့်အဖွဲ့အစည်း၊ ဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ပြောရေးဆိုရာ ပြောဆိုပိုင်ခွင့်ဘောင်အတွင်းမှ ပြောပြ ဆိုပြ ရှင်းပြလာကြရသည်။ သည်ဘက် တစ်ခေတ်မှာလည်း ထို့အတူ ပြည်သူကို ပြောဆိုရှင်းပြ တာဝန်ယူ တာဝန်ခံလာကြ ရသည်။

သို့သော် တာဝန်ရှိသူတို့အနေဖြင့် ယင်းဖြစ်စဉ်ကို လက်သင့်မခံလိုကြသေး၊ အသင့်မဖြစ်ကြသေးသည့် သဘောကို တွေ့မြင်ကြရသည်။ အလုပ်ပိုအဖြစ် ရှုမြင် တတ်ကြသလို မိမိလုပ်ပိုင်ခွင့်ကို ထိပါး ခြင်း၊ မိမိကို စော်ကားခြင်းအဖြစ် တလွဲ ခံယူနေကြတာ တွေ့ရသည်။ အချို့ဆိုလျှင်  အစိုးရသက်တမ်း လေးနှစ်ကျော်သည်အထိ ဘာဆိုဘာမှ ပြောဆိုခြင်းမရှိ၊ ပကတိ နှုတ်ဆိတ်၊ နှုတ်ပိတ်လျက်ရှိမြဲ၊ ရှိဆဲ။


သာဓက ပြရလျှင် လတ်တလော လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပဲခူး ဝန်ကြီးချုပ်၏ ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် အဆောင်မလုံလောက် သည့်အရေး တင်ပြရာတွင် ရွာခံရွာသား တွေကို သမီးရည်းစားစကားပြောခိုင်း၊ အိမ်ထောင်ချပေး ခိုင်းခြင်းဖြင့် ပညာရေး နှင့် ကျန်းမာရေးဝန်ထမ်းများ နေရပ်တွင် မြဲရုံမက အဆောင်ကိစ်္စပါ ဖြေရှင်းပြီးဖြစ် မည်ဟု သဘောပါပါသည့် စကားပြော ထားသည့် အသံဖိုင်အတွက် ပြည်သူ၏ ကဲ့ရဲ့ရှုံ့ချ အပြစ်တင်ဝေဖန်ခြင်း ခံနေရသည်။

ယင်းသို့သော စကားအသွားအလာ မျိုးကို သူတစ်ဦးတည်း ပြောဖူးခြင်းမဟုတ်။ စစ်အစိုးရ ကာလက တိုင်းမှူးများ ကျေးရွာ များသို့ ရောက်သည့်အခါ ယင်းသဘောမျိုး ရယ်ပွဲဖွဲ့ ပြောတတ်ဆိုတတ်ပါ၏။ သို့သော် ယခင်ခေတ်ကာလနှင့် သည်ဘက် ခေတ် ကာလ မတူတော့သည်ကို သိထားသင့် သည်။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်၊ ပြန်မပြောနှင့် ဆိုသည့် တစ်ခေတ်တစ်ခါ နှင့် သည်ဘက်တစ်ခေတ် ကွာဟပါသည်။ သားသမီးချင်း ကိုယ်ချင်းမစာနာ နှုတ်ထွက် စကား ကျွံခြင်းကြောင့် ပြောဆိုဝေဖန်ခံကြ ရပါသည်။

တစ်ဖက်သားက ပြောဆိုမေးမြန်း ဆွေးနွေးသည့် အကြောင်းခြင်းရာ သဘော သဘာဝသည် ပြည်သူတို့ စိုးရိမ်မှု၊ သိလို မှုကြောင့် ဖြစ်သလော၊ မိမိအနေဖြင့် အသိပေးပိုင်ခွင့် ဘောင်အတွင်းမှ မိမိ ယူရသော တာဝန်နှင့် မိမိတို့အနေဖြင့် တာဝန်ခံ ကြပ်မတ်ဆောင်ရွက်မှု အနေအထား ကို ချင့်ချိန်လျက် ဒေါသမသင့်စေဘဲ ပါးရည်နပ်ရည်ရှိရှိ ဖြေတတ်သော အလေ့အထ လေ့ကျင့်ယူကြသင့်လှပါ သည်။

မီဒီယာသည် ကြားခံ ပစ်္စည်းဖြစ်ပြီး ပြည်သူနှင့် အစိုးရတို့အကြား ပေါင်းကူး ပေးသည့်အရာအဖြစ် ရှုမြင်လျက် ပြည်သူ က သိလိုသည့် အကြောင်းခြင်းရာများကို ပါးပါးနပ်နပ် ပြောဆိုခြင်းဖြင့် ပြည်သူနှင့် မိမိတို့အကြား ပေါင်းကူးသဖွယ် ဆက်သွယ် ပေး နိုင်မည်ဖြစ်သလို လွှတ်တော်ကိုယ်စား လှယ်များသည်လည်း ပြည်သူတို့အကြား လူးကာခေါက်ပြန် သွားလာလျက် ပြည်သူတို့ သိလိုသည့်အကြောင်းခြင်းရာ များကို ပြည်သူ့လွှတ်တော်တွင် မေးမြန်း ကြရပြီး ယင်းအမေးတို့ကိုလည်း စိတ်ရှည် လက်ရှည် ပါးနပ်လိမ်္မာစွာ ပြောဆိုရှင်းပြ ဖြေဆိုကြစေလိုပါသည်။

မွန် လွှတ်တော်တွင် မကြာမတင်က အခြေအတင်ဖြစ်ခဲ့ကြသည့် ပြည်နယ် ဝန်ကြီးနှင့် ပြည်နယ် လွှတ်တော်အမတ် တို့ အငြင်းအခုံဖြစ်စဉ်မှာလည်း ယင်း သို့ အမေးအဖြေတို့တွင် အပြန်အလှန် လေးစားမှုကင်းမဲ့ခြင်းကြောင့် ဖြစ်ကြရ ခြင်း ဖြစ်ပါ၏။ ဆိုလိုသည်မှာ ပြည်သူ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် ဌာနအကြီး အကဲတို့အနေဖြင့် မီဒီယာ၊ ပြည်သူ့ကိုယ်စား လှယ်တို့နှင့် အပြန်အလှန် လေးစားသမှု ဖြင့် ဆက်ဆံကာ အမေးကို ပါးနပ်စွာ ဖြေဆိုခြင်းဖြင့်လျှင် ပြည်သူတို့အား သိစေလိုသည့် အကြောင်းခြင်းရာ အချက် အလက်တို့ကို ပြန်လည် ပြောဆိုရှင်းပြနိုင် ကြပါသည်။ သည်မီဒီယာနှင့် ပြည်သူ့ ကိုယ်စားလှယ်တို့သည် မိမိတို့အတွက် အခွင့်အလမ်းအဖြစ် ရှုမြင်ကြလျက် အသုံးချနိုင်တန်ကောင်းပါ၏။

ပြီးခဲ့သည့်အပတ် တနင်္သာရီဂျာနယ် ပါ သတင်းတိုလေး ဖတ်မိပါသည်။  အောက်တိုဘာလ ၁ ရက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကျွန်းစုမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင် က ကျွန်းစုမြို့နယ် အမှတ် (၁) ရပ်ကွက် ရှိ ကွန်ကရစ် ရေဆင်းဆိပ်ခံတံတား တည်ဆောက်ပြုပြင်ခြင်းနှင့် သံမဏိ ဆိပ်ခံဘောတံတား တည်ဆောက်ရေး လုပ်ငန်းတို့ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ယင်း လုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ် သိန်းသုံးထောင်နီးပါး (ကျပ် ၂၇၉၀သိန်း ကျော်)ဖြင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းအရ တင်ဒါ ခေါ်ကာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကျွန်းစုမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပစ်္စည်းဝယ်ယူရေးကိုသာ တင်ဒါဒေါ်ယူ မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ကသာ ဆောင် ရွက်မည်ဟု သိထားရပါကြောင်း၊ တိုင်း အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့က လုပ်ဆောင်သည့် လုပ်ငန်းများကို ပြည်သူ က ယုံကြည်မှု အားနည်းနေကြောင်း၊ ထို့အတွက် ယင်းကဲ့သို့ ကျွန်းစုဆိပ်ခံတံတား ပြုပြင်ခြင်းကို ဒေသခံများက မကျေနပ် ကြကြောင်း၊ အကယ်၍ တစ်စုံတစ်ရာ ပြဿနာများ ရှိလာခဲ့လျှင် တာဝန်ယူမှု တာဝန်ခံမှုအတွက် မည်သူတာဝန်ခံ မည်နည်းဟူသော အမေးကို လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးက အပြည့်အ၀ တာဝန်ယူတာဝန်ခံကြောင်း ထည့်သွင်း ဖြေဆိုခဲ့သည်။

“စည်ပင်သာယာရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု အားနည်း ချက်များရှိခဲ့လျှင် တာဝန်ယူမှု တာဝန်ခံမှု ရှိပါသလား ဆိုသည့်အမေးကို ကျွန်တော် အပြည့်အဝတာဝန်ယူ တာဝန်ခံပါကြောင်း ပြောကြားလိုပါတယ်”ဟု ဦးဟိုပင်က ဆိုပါသည်။

ယင်းအမေးနှင့် အဖြေတွင် မေးမြန်းသူ က လုပ်ထုံးလုပ်နည်းကို ကျော်နေခြင်းနှင့် ယင်းတည်ဆောက်သည့် ဆိပ်ခံဘော တာရှည်ခိုင်ခံ့မှုအတွက် တာဝန်ယူမှု တာဝန် ခံမှုအတွက် မည်သည့် အဖွဲ့အစည်းက ကြီးကြပ်ပြီး မည်သို့ ဆောင်ရွက်ကြောင်း သိလိုချက်အပေါ် ယင်းက တာဝန်ယူ တာဝန်ခံကြောင်း အဖြေသည် ထပ်ဆင့် မေးစရာ အပုံအပင် ရှိလာသည်။ ငါးနှစ် သက်တမ်း အစိုးရ တာဝန်သည် မကြာခင် ပြီးဆုံးတော့မည်။ ယင်း ဝန်ကြီးသည်လည်း ယင်းသက်တမ်းနှင့်အတူ တာဝန်ပြီးဆုံးပါ တော့မည်။ ယင်း၏တာဝန်ယူမှု တာဝန်ခံမှု သည် ယင်းရာထူးသက်တမ်းနှင့် တစ်ပါတည်း ပါမသွားဖို့ မည်သို့ အဖွဲ့အစည်းများက မည်သို့ တာဝန်ယူတာဝန်ခံ ကြပ်မတ်ရ မည်ဖြစ်ပြီး သက်တမ်းမည်မျှအထိ တာဝန်ခံ၊ တာဝန်ယူပါမည် စသည်ဖြင့် ဖြစ်ရမည့် အစား ယင်း၏ အဖြေစကားက တွေးတောစရာ ဖြစ်ရပါ၏။

တဖန်ပြီးခဲ့သည့်အပတ်က တိုင်းဒေသကြီးအတွင်း လျှပ်စစ် တင်ဒါနှင့် ပတ်သက်သည့် အမေးကို တိုင်းဒေသကြီး ဝန်ကြီး၏ အဖြေနှင့် ဆိုစကားက ဒေါသ သင့်နေသည်ကိုလည်း မြင်ရသည်။

“အဂတိတရားနဲ့ ပတ်သက်ပြီး တိုင် ချင်ရင် တိုင်ပါ။ တိုင်ပြီးရင် မဟုတ်မမှန် ပါက တာဝန်ယူ တာဝန်ခံရပါမည်”ဆိုသည့် ပြောဆိုချက်သည် ပြည်သူတို့ အတွက် စိတ်မကောင်းဖြစ်ရသည့် အပြောအဆိုမျိုး ဖြစ်ပါသည်။ ပြည်သူ သည် အခွန်အခနှင့် ကျသင့်ငွေကို ကျခံ ပေးသွင်းကာ ရလိုသည်က လျှပ်စစ်နှင့် ဝန်ဆောင်မှု ဖြစ်ပါ၏။ ယင်းကျသင့်ငွေ နှင့် အခွန်အခကို ပေးပါလျက် လိုအပ်သော လျှပ်စစ်နှင့် ဝန်ဆောင်မှုကို ပြည်သူက မရ။ သည်ရလိုမှုတွင် ပြည်သူ့ဘက်က တရားမျှတပါသည်။ ပြည်သူတို့ ရလိုသော ဝန်ဆောင်မှုနှင့် ဓာတ်အားရအောင် ကုမ်္ပဏီက မပေးနိုင်သလို အစိုးရက ကြပ်မတ် ဆောင်ရွက်မပေးနိုင်သည့် အနေအထား တွင် သူ့အနေဖြင့် ပြည်သူတို့ ခံစားချက် နှင့် မကျေမနပ်မှုကို ကိုယ်ချင်းစာနာပါကြောင်း၊ သူ့အနေဖြင့် မည်သို့ ဆောင်ရွက် ထားပါကြောင်း ဖြေကြားသင့်သည့်အစား တဖန် ပြန်လည်ခြိမ်းခြောက်သည့် အပြောအဆိုမျိုးသည် နားဝင်မကောင်း လှပါ။

ခေတ်ရဲ့ အပြောင်းအလဲမှာ ကျွန်တော် တို့တွေ စကားပြောလာကြရသည်။ တာဝန်ယူ တာဝန်ခံလာကြရသည်။ ဒါတွေသည် အပြောင်းအလဲတစ်ခုအဖြစ် မြင်လို့လည်း ရသည်။ သို့သော် အထူးတလည် ပြောင်းလဲလာတာမျိုးတော့ မဟုတ်ပါချေ။

လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတိုင်း သိသင့်တာတွေကို ပြောဆိုရှင်း ပြလာရ ၊ သူယုံကြည်ရာကို ပြောဆိုခွင့် ပေးကြရသည့် သဘောသာ။ ဆိုရလျှင် ပြောပြသင့် ပြောပြထိုက်တာတွေကို လူသားတို့ သိခွင့်ရှိသည့်အတွက် ပြောပြ လာရခြင်းသည်လည်းကောင်း၊ သူ ယုံကြည်ရာကို သူပြောပိုင်ခွင့်ဝေဖန် ပိုင်ခွင့်အရ ပြောရေး ဆိုခွင့်ပေးလာကြရ သည့် သဘောသာ ဖြစ်ပါသည်။

ပြည်သူတို့ သိသင့်သည့် သိလိုသည့် အကြောင်းခြင်းရာတို့ကို ပြည်သူ့အစိုးရနှင့် ပြည်သူ့ဝန်ဆောင်မှု ပေးနေသည့် ဌာနတို့မှ ပြောဆိုရှင်းပြ အသိပေးကြရ ခြင်းသည် ပြည်သူတို့ အခွင့်အရေးဖြစ်ရာ ယင်းသို့ပြောဆိုရှင်းပြ အသိပေးကြသည့် အခါ မိမိတို့ အလုပ်တာဝန်နှင့် ဝတ္တရား အကန့်ကို မိမိတို့ သိနားလည်လျက် ပြည်သူတို့အား လေးစားသမှုဖြင့်လျှင် ပါးနပ်လိမ္မာစွာ ပြောဆိုဖြေကြားစေလိုလှ ပါသည်။

ကိုရိုးဆေး