တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံ ကာယဗလမောင်ပြိုင်ပွဲ အစိုးရ အဖွဲ့ဖလား ပထမဆုကို မြိတ်မြို့နယ်မှ ရရှိခဲ့ပြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ထားဝယ်မြို့နယ်မှ ရရှိသွားသည်။
မြိတ်မြို့၊ ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်က ကျင်းပခဲ့သော ယင်းပြိုင်ပွဲတွင် မြို့နယ် ၁၀ မြို့နယ်မှ ကာယဗလမောင် ၆၀ ကီလိုအထက် ၁၃ ဦးနှင့် ကိုယ်ကာယမယ် ၁၂ ဦးတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြ သည်။
ပြိုင်ပွဲဝင်များအနက် ၆၀ ကီလို အထက် ကာယဗလမောင် ပထမဆုကို မြိတ်မြို့နယ်မှ ကိုမျိုးဇော်က ရရှိခဲ့ပြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု ပထမဆုကို ထားဝယ်မြို့နယ်မှ မအိအိဖြူက ရရှိသွားသည်။
အမျိုးသားကာယဗလမောင် ဒုတိယဆုကို ထားဝယ်မြို့နယ်မှ ညီရတနာထွန်းနှင့် တတိယဆုကို မြိတ်မြို့နယ်မှ ကိုပြည့်စုံစိုး တို့ရရှိခဲ့ကြပြီး အမျိုးသမီး ဒုတိယဆုကို မြိတ်မြို့မှ မအိအိရှိန်နှင့် တတိယဆုကို ရေဖြူမြို့နယ်မှ မသဲစုမြတ်က ရရှိခဲ့သည်။
၆၀ ကီလိုအောက် အငယ်တန်း ကာယဗလမောင် ပထမဆုကို မောင်ညီ ညီဆန်း(မြိတ်)၊ ဒုတိယဆုကို မောင်သန်းထိုက်စိုး (မြိတ်) နှင့် တတိယဆုကို မောင်မှိုင်းဝေ(မြိတ်) တို့မှရရှိခဲ့ကြကြောင်း သိရသည်။
ကိုဆန်း