ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
875
Bay-Din

၃၀ – ၉ -၂၀၁၉ မှ ၆ – ၁၀ -၂၀၁၉ ထိ

တနင်္ဂနွေ

ဆိုင်ဖွင့်ခြင်း၊ လုပ်ငန်းများ အောင်မြင်တိုးတက်ခြင်းများ ဖြစ်သည်။ စက်ပစ္စည်း၊ ပန်ကာ အစရှိသည်တို့ ၀င်မည်။ ခရီး မကြာခဏသွားရမည်။ တယ်လီဖုန်း ပြုတ်ကျ ပျောက်ရှတတ်သည်။ ပညာရေးကတော့ မပေါ့ဆဖို့ လိုအပ်သည်။ အစာအိမ်၊ လေရောဂါများ သတိထား သင့်သည်။ မေတ္တာရေးသည်ကား ချစ်ခရီးလမ်းက အိုအေစစ် ဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – ရွှေရောင်၊ အနက်ရောင်

မစားသင့်သော အစာ    – ဇီးသီး၊ ငါးချဉ်

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ

ယခုလ၌ ကားဝယ်ခြင်း၊ လဲလှယ်ခြင်း မပြုရ။ ပညာရေး အထူးကောင်းမွန်သည်။ ဘာသာရေး ကိစ္စများ ဆောင်ရွက်နေရတတ်သည်။ အလုပ်အကိုင်အဆင်ပြေ၍ ၀င်ငွေတိုးမည်။ ခါးနာ၊ ဒူးနာ၊ ကျန်းမာရေးဂရုစိုက်ရမည်။ ယခုလ၌ ခရီးအသွားအလာ ဆင်ခြင်ပါ။ မေတ္တာရေး သည်ကား သူတစ်ပါး သွေးထိုးမှုကို နားမယောင်ပါနှင့်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ လိမ္မော်ရောင်

အကျိုးမပေးသော အရောင်       – အနက်ရာင်၊ ပန်းဆီရောင်

မစားသင့်သော အစာ    – ဘဲသား၊ ဒညင်းသီး

ယတြာ                      – သာကူမုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

အိမ်ဝယ်ခြင်း၊ ဆောက်ခြင်းများ ဆောင်ရွက်ရတတ်သည်။ အလုပ်လျှောက်ထားသူများ အလုပ်ရခြင်း၊ အဆင်ပြေခြင်း ဖြစ်တတ်သည်။ မိတ်ဆွေများ အထင်လွဲခြင်း ဖြစ်တတ်သည်။ အင်တာဗျူးကိစ္စ၊ ပညာသင်ကိစ္စများ အဆင်ပြေမည်။ ငွေကြေး အထွက်များနေတတ်သည်။ မေတ္တာရေးသည်ကား သင့်ရွှေရာင်အိပ်မက်များ မကြာခင် ဖြစ်လာမည်။

အကျိုးပေးသော အရောင်         – ရွှေရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစာ    – အုန်းသီး၊ ဒညင်းသီး

ယတြာ                     – နာနတ်သီးမှည့်ကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

ရွှေ ၀င်မည်။ စီးပွားဥစ္စာ တိုးမည်။ လှပသောပန်းချီ၊ ဓာတ်ပုံ ၀င်မည်။ ကုန်ကျထားသောငွေများ ဆတိုး ပြန်ဝင်မည်။ ကံကောင်း၍ စိတ်ချမ်းသာရမည့်ကာလ ဖြစ်သည်။ ပညာရေး အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ပျော်ရွှင်အဆင်ပြေပါမည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အညိုရောင်၊ ပန်းဆီရောင်

မစားသင့်သော အစာ    – ဆိတ်သား၊ ပြောင်းဖူး

ယတြာ                      – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

လှပသောနာရီ ၀င်မည်။ ရပ်ဝေးမြေခြား ခရီးသွားရမည်။ ထီ(သို့)ထီနှင့်အလားတူ ငွေဝင်မည်။ မိမိအိမ်တွင်း၌ သောကရောက်ရတတ်၏။ မင်္ဂလာဆောင်စကားများ ကြားရမည်။ ငွေကြေးများ ပျောက်ရှတတ်သည်။ ပညာရေး မပေါ့ဆသင့်ပါ။ မေတ္တာရေးသည်ကား ဖူးစာရှင်ဆုံစည်းရ မည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – ခဲပုပ်ရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစာ    – အစပ်၊ ခရု

ယတြာ                      – စံပယ်ပန်း ဘုရားကပ်လှူပါ။

သောကြာ

နားကပ်၊ နာရီစသည်တို့ ၀င်မည်။ လူမျိုးကွဲတို့ ကူညီမစမှု ခံရမည့်ကိန်းရှိသည်။ ယာဉ်မ၀ယ်ပါ နှင့်။ အနည်းငယ် စိတ်ပင်ပန်းရတတ်သောကာလ ဖြစ်၏။ လုပ်ငန်းအပြောင်းအလဲ ဖြစ်တတ် သည်။ ပညာရေးကတော့ ပိုမိုကြိုးစားရမည်။ မေတ္တာရေးသည်ကား ဆန္ဒနှင့်ဘ၀တစ်ထပ်တည်း မကျဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစာ    – မှို၊ မြေပဲ

ယတြာ                     – ဘုရားဝေယျာဝစ်္စအတွက် ရည်စူးငွေ လှူဒါန်းပါ။

စနေ

လူမျိုးကွဲတို့ ကူညီမစမည်။ မြေ ၀င်မည်။ ဥစ္စာဓန တိုးပွားမည်။ သားသမီးရတနာ ရမည်။ လုပ်ငန်းများ ထိခိုက်တတ်သည်။ အသွားအလာ သတိထားပါ။ ပညာရေး အဆင်ပြေမည်။ မေတ္တာရေးသည်ကား အခက်အခဲများကိုဖြတ်ကျော်၍ အဆင်ပြေသွားမည်။

အကျိုးပေးသော အရောင်         – ဇီးရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မစားသင့်သော အစာ     – မျှစ်၊ ကြက်ဟင်းခါးသီး

ယတြာ                      – အရဟံဂုဏ်တော် ပုတီး ၆ ပတ် မွေးနေ့၌ စိပ်ပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                     ဝေဒလက္ခဏသုတေသီ