ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၁၆-၉-၂၀၁၉ မှ ၂၁-၉-၂၀၁၉ထိ

0
1087

တနင်္ဂနွေ

ဆွေမျိုးသားချင်းနှင့်ပတ်သက်၍ စိတ်ပူပန်ရတတ်၏ ။ သင်ရည်ရွယ်ထားသော လုပ်ငန်း ကိစ်္စများ အောင်မြင်မည်။ မော်တော်ကားဝင်မည်။ သင့်အိမ်၌ အလှူမင်္ဂလာတစ်ခုပြုရ တတ်သည်။ ငွေကြေးများ စုပုံဝင်လာမည်။ တန်ဖိုးကြီးပစ္စည်းများ ပျောက်ရှတတ်သည်။ ပညာရေးကတော့ အားစိုက်ရမည်။ မေတ်္တာရေးသည်ကား သင့်အပေါ်ချစ်သူက မေတ္တာ များ ပြန်လည်တုံ့ပြန်လိမ့်မည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်             – အရှေ့တောင် အရပ်

ယတြာ                               – မိမိနှစ်သက်သော သစ်သီးနှစ်မျိုးကို ခွဲစိတ်ပြီး ဘုရား

                               ဆွမ်းတော်ကပ်လှူပါ။

တနင်္လာ

နိုင်ငံရပ်ခြား ခရီးများ သွားရတတ်သည်။ သင်မျှော်မှန်းသည်ထက် ငွေကြေးများ ပိုမိုဝင်လာ မည်။ မြေအရောင်း အ၀ယ်များ ဖြစ်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ထင်တိုင်းမပေါက်ဖြစ် တတ်သည်။ ပညာရေး၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ မိတ်ဆွေများ အကျိုးပြု ခံရမည့်အခါ ဖြစ်သည်။ မေတ္တာရေးသည်ကား ချစ်မေတ္တာများ ခိုင်ခိုင်မြဲနေမည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ လိမေ်္မ်ာရောင်

မသွားသင့်သော အရပ်             – အရှေ့ရပ်

ယတြာ                               – နှင်းဆီ(၇)ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

လူလိမ်ခံရတတ်၏။ အမွေအနှစ်လည်း ရရှိတတ်သည်။ စီးပွားရေးကိစ်္စ၊ ဆိုင်ဖွင့်ခြင်းကိစ်္စ များ ကောင်းသည်။ ပညာရေး အထူးကောင်းပါသည်။ ကျန်းမာရေးမကောင်းသူများ ဆေးဝါးတိုးပြီး အဆင်ပြေလာမည်။ မေတ္တာရေးသည်ကား အချစ်ကြောင့် သင်သည် ခွန်အား ဖြစ်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမေ်္မ်ာရောင်

မသွားသင့်သော အရပ်             – အရှေ့ရပ်

ယတြာ                               – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

ယခုလ၌ နာရီဝယ်ခြင်း မပြုရ။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်ရတတ်သည်။ စက်ပစ်္စည်းများ ၀င်မည်။ ပရိဘောဂပစ်္စည်းများ ၀င်မည်။ မိတ်ဆွေကောင်းများ ကူညီမစမှု ခံရမည်။ ပညာရေးကတော့ ခါတိုင်းထက် ပိုကြိုးစားရမည်။ မေတ္တာရေးကတော့ မီးစင်ကြည့်ကပါဟူ၍ ပြောလိုသည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမေ်္မ်ာရောင်

မသွားသင့်သော အရပ်             – အနောက်ရပ်

ယတြာ                              – ငှက်ပျောသီး (၂)လုံးကို အခွံနွှာ၍ ဘုရားဆွမ်းတော်

                                ကပ်လှူပါ။

ကြာသပတေး

တန်ခိုးကြီးဘုရားပုံတော်များ လက်ဆောင်ရမည်။ အကယ်၍ လုပ်ငန်းနှင့်ပတ်သက်၍ သတင်းတစ်ခု မျှော်လင့်နေလျှင် သတင်းကောင်းကြားရမည်။ သို့သော် ယခုလ၌ ကားဝယ်ခြင်း၊ လဲလှယ်ခြင်းမပြုရ။ အောင်ဘာလေထီ ကံစမ်းပါ။ မတော်တဆလည်း ထိခိုက်ရတတ်သည်ဖို့ အသွားအလာသတိထားပါ။ ပညာရေးကတော့ အဆင်ပြေပါမည်။ မေတ္တာရေးသည်ကား သင်သည်စန်းပွင့်နေပါသည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်   – အရှေ့ရပ်

ယတြာ                     – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

ပစ္စည်းဥစ္စာများ စုမိဆောင်းမိမည်။ လုပ်ငန်းများ အဆင်ပြေချောမွေ့မည်။ လူငယ်များ အခွင့်အလမ်းကောင်းများ ပေါ်ထွက်မည့်ကာလ ဖြစ်သည်။ ယာဉ်အရောင်းအ၀ယ် ဖြစ်မည်။ စက်ပစ်္စည်း ဒုက်္ခပေးတတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းမကျ ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ လိမေ်္မ်ာရောင်

မသွားသင့်သော အရပ်            – အရှေ့တောင်အရပ်

ယတြာ                              – ဆီထမင်းနှင့် စားတော်ပဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

ကွဲကွာနေသော မိတ်ဆွေကောင်းများနှင့် ပြန်လည်ဆုံစည်းရမည်။ စပ်တူရှယ်ယာကိစ်္စများ အဆင်ပြေမည်။ လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ ပညာရေးက ရုန်းကန်လိုက် ကြိုးစား လိုက်ဖြစ်နေမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မိမိအိမ်ရှိ အသက်ကြီးသူ လူကြီးမိဘများ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား အဆင်ပြေသည်ထက် ပိုမိုအဆင်ပြေမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသာ အရောင်         – အ၀ါရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – တောင်အရပ်

ယတြာ                               – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

                                                လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                  ဝေဒလက္ခဏသုတေသီ