ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့ကျ

0
446

တနင်္သာရီတိုင်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့ကျလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ် လ ၂၄ ရက်အထိ စာရင်းများအရ တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွား သူ ၆၄၉ ဦး ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိ တနင်္သာရီတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ယမန် နှစ်နှင့်နှိုင်းယှဉ်ပါက လျော့ကျလာကြောင်း ပြည်သူ့ကျန်းမာရေး/ကုသရေး တိုင်း ဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်း ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တစ်နှစ်တာ ကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ် ပွားသူ ၁၄၆၂ ဦးရှိခဲ့ပြီး ၉ ဦးသေဆုံးခဲ့ သည်။

“ဒီနှစ်အဖြစ်နည်းတယ်။ မနှစ်ကထက် စာရင်လေ။ သွေးလွန်တုပ်ကွေးက အဖြစ် နည်းတယ်”ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၄ ရက် အထိ စာရင်းများအရ သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ကြာင်း အထက်ပါ ဌာနထံမှ သိရသည်။

ယခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးမှာ ပုလော၊ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

သွေးလွန်တုပ်ကွေးအဖြစ်များနေ သည့် မြို့နယ်များတွင် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကျန်းမာရေးဌာနအလိုက် အားစိုက် လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ နေ့ခင်း ဘက် ခြင်ကျား(အသေး) ကိုက်ရာမှ တစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။

ထိုကြောင့် ခြင်ပေါက်ဖွားမှုမရှိ စေရန် မိမိအိမ်နှင့် အနီးပတ်ဝန်းကျင်တွင် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်း(ဖုံး သွန်လဲစစ်) လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းင်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တနင်္သာရီ တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ် ပွားသူ ၈၉၂ ဦးရှိခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ဇန်န၀ါရီလမှ သြဂုတ်လ ၂၄ ရက် အထိ မြို့နယ်အလိုက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခြေအနေ

Dawei Watch