ကမ်းနားလမ်းတွင် စက္ကူပန်းပင်နှင့် ခရေပင် ၁၆၀ စိုက်မည်

0
641

ထားဝယ်မြို့ရှိ ဆိပ်ကမ်းသာလမ်း (ကမ်းနားလမ်း)ရှိ ပြုပြင်ထားသည့် နေရာ တွင် စက္ကူပန်းပင်နှင့် ခရေပင် ၁၆၀ ကို ဇွန်လ ၁၉ ရက်တွင် စိုက်ပျိုးမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါနေရာရှိ လမ်းလယ်ကျွန်းတွင် သုံးရောင်စပ် စက်္ကူပန်းပင် ၆၀ ပင် နှင့် ပလက်ဖောင်းဘေးတွင် ခရေပင် ၆၀ ပင်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်အဖွဲ့မှ အမှုဆောင်အရာရှိက ဆို သည်။

မြောင်းပုလဲတံတားမှ ကမ်းနားဈေး အနီးထိ ပြုပြင်ထားသည့် လမ်းတစ်လျှောက် တွင် NLD ပါတီဝင်များက စိုက်ပျိုး ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြစ်ဘက်ခြမ်းမှာ ခရေပင်စိုက်မယ်၊ လမ်းလယ်ကျွန်းမှာ စက္ကူပန်းပင်တွေ စိုက်မယ်”ဟု အမှုဆောင်အရာရှိက ဆိုသည်။

ထားဝယ်မြို့ရှိ ကမ်းနားလမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို အပိုင်းလိုက် ခွဲကာ တစ်နှစ်ချင်း လုပ်ဆောင်နေသည်။

Dawei Watch