တနင်္သာရီတိုင်းတွင် ယခုအပတ်မှ စ၍ ပုံမှန်ထက် မိုးပိုရွာမည်

0
446

တနင်္သာရီတိုင်းအပါအ၀င် မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံဝင်ရောက်တော့ မည်ဖြစ်သည့်အတွက် ယခုအပတ်အတွင်း ပုံမှန်ထက် မိုးပိုမိုရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် မေလ ၁၁ ရက် မှ ၂၀ ရက်အတွင်း ပုံမှန်ရွာနေကျထက် ပိုရွာမည်ဖြစ်ပြီး မိုးရွာမည့်ရက်မှာ ၆ ရက် မှ ၈ ရက်ရှိနိုင်ကြောင်း ယင်းဌာနက ထုတ် ပြန်ထားသည်။

တနင်္သာရီတိုင်းအပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းတွင် မေလ ၁၈ ရက်မှ ၂၃ ရက် အတွင်း မုတ်သုံ စတင်ဝင်ရောက်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မုတ်သုံဝင်ကာစတွင် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခတ် ခြင်းများဖြစ်ပေါ်တတ်ကြောင်း အထက်ပါ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။

“ဒီကာလမှာ မြန်မာပြည်တောင်ပိုင်း ကို မုတ်သုံဝင်တာကတော့ ဒါထုံးစံအတိုင်း ပါပဲ”ဟု ဦးဟန်ဝင်းအောင်က ဆိုသည်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ကမှု မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံ ၀င်ရောက်မည့်အချိန်ကို မေလ ၁၅ ရက်မှ ၂၀ ရက်အတွင်း ၀င်ရောက်နိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၁၉ ခုနှစ် မေလအတွင်း မိုးရွာသွန်း မှုနှင့် အပူချိန်မြင့်တက်မှုတွေကို ခန့်မှန်းချက်အရ အာရှတိုက်တစ်ခုလုံး မိုးရွာသွန်းမှု လျော့နည်းနေပြီး အပူချိန်မြင့်တက်နေ သည်ကိုတွေ့ရှိရကြောင်း ဒေါက်တာထွန်းလွင်က ရေးသားထားသည်။

ယင်းအတွက်ကြောင့် ယခုနှစ်သည် မုတ်သုံအားမကောင်းသည့် နှစ်ဖြစ်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

Dawei Watch