ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
707
Bay-Din

၁၃-၅-၂၀၁၉ မှ ၁၉-၅-၂၀၁၉ထိ

တနင်္ဂနွေ

သင်ရောင်းမည့် အိမ်၊ ခြံ၊ မြေများရှိလျှင် မုချထွက်မည်။ ယခုကာလ၌ ယာဉ်မ၀ယ်ပါနှင့်။ မည်သည့် စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ သင့်အကျိုးကို လိုလားသည့် မိတ်ဆွေကောင်းများ ရရှိမည်။ စီးပွားဥစ္စာ တိုးမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ သွားကိုက်၊ သွားနာ ဝေဒနာ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သင်စိုးရိမ်သလို မဟုတ်ဘဲ အဆင်ပြေပါမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ဇီးရောင်၊ ငွေရောင်

မစားသင့်သော အစားအစာ       – ဆီထမင်း၊ ခရု

ယတြာ                               – ပန်းသစ်တော်သီး ၂လုံးကို ခွဲစိတ်ပြီး ဆွမ်းတော်ကပ်လှူပါ။

တနင်္လာ

အိုး၊ အိမ်ပြုပြင်ခြင်း၊ ၀ယ်ယူခြင်း ဆောင်ရွက်ရတတ်သည်။ လုပ်ငန်းများ အဆင်ပြေမည်။ ခြေထောက်နာခြင်း သတိထားပါ။ လူမျိုးကွဲတို့၏ ကူညီမစမှု ခံရမည်။ စကားအပြောအဆို မှားတတ်သည်မို့  ဂရုစိုက်သင့်သည်။ မေတ္တာရေးသည်ကား ချစ်သူအထင်လွဲခြင်း ခံရတတ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       -အဖြူရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစားအစာ       – ချဉ်ပေါင် ၊ စိမ်းစားဥ

ယတြာ                               – ဒူးရင်းသီးကို ဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

အမွေအနှစ်ရရှိခြင်း၊ ပညာရပ်ဆိုင်ရာ သင်တန်းများ၌ ထူးချွန်ထက်မြက် ခြင်းဖြစ်မည်။ လုပ်ငန်းများ၌ စီးပွားရှာခြင်း ကိစ္စများ အဆင်ပြေမည်။ နား၊ နှာခေါင်းနှင့် ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာသည်ကား သင်နှင့် ချစ်သူကြားမှာ ချမ်းမြေ့သာယာပါမည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – အုန်းထမင်း၊ ငါးချဉ်

ယတြာ                               – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒ္ဓဟူး

ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်ခြင်း၊ ၀န်ထမ်းဖြစ်က ရာထူးတိုးတက်မည်။ ခရီးသွားရ တတ်သည်။ အလှူအတန်း ပြုရတတ်သည်။ ရွှေထည်ပစ္စည်းများ ထွက်တတ်သည်။ မိတ်ဆွေများ နှင့် စိတ်ဝမ်းကွဲရတတ်သည်။ ပညာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူက သင့်ကို မေတ္တာရှိသည်ကို သင့်ကို မေတ္တာရှိသည်ကို သင်မရိပ်မိဘဲ ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဒူးရင်းသီး၊ ပူတင်း

ယတြာ                               – ပူတင်းပါသောမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ရွှေထည်ပစ္စည်းများ ၀င်မည်။ စားသောက်ဖွယ်ရာများ လက်ဆောင်ရခြင်း မင်္ဂလာသတင်းများ ကြားရတတ်သည်။ ပညာရေးကိစ္စ၊ စာမေးပွဲကိစ္စများ  ပုံမှန်ထက်ပိုမိုရုန်းကန်ရမည်။ ဘုရားဖူးခရီးများ သွားရမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ရှေ့ခရီးလမ်းက သာယာပါမည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဘဲသား၊ ရွှေဖရုံသီး    

ယတြာ                               – သရက်သီးမှည့်ကို အစိတ်စိတ်ခွဲစိတ်၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ငွေကြေး အလုံးအရင်း ၀င်မည်။ နိုင်ငံရပ်ခြား သွားမည့်ကိစ္စများ အဆင်ပြေမည်။ မည်သည့် လုပ်ငန်းလုပ်လုပ် ယခုအချိန်မှာ အောင်မြင်အဆင်ပြေမည့်ကာလ ဖြစ်သည်။ စာမေးပွဲကိစ္စ၊ ပညာသင်ကိစ္စများ အဆင်ပြေမည်။ အစားမှား၊ ဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ထာဝရလက်တွဲရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဘဲဥ၊ မုန့်ဆီကြော်

ယတြာ                               – နာနတ်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

စနေ

မြေ၀င်မည်။ ဘာပဲလုပ်လုပ် သင့်ဘက်က အခြေအနေပေးမည့်ကာလ ဖြစ်သည်။သင်ဘုန်းကံ ကြီးမားနေသော ကာလဖြစ်သည်။ စားသောက်ဖွယ်ရာများ လက်ဆောင်ရခြင်း ဂုဏ်သိက္ခာ ကြီးမားသော ပုဂ္ဂိုလ်များ၏ ကူညီမစမှု ခံရမည်။ မိမိအိမ်၌ စက်ပစ္စည်းများ ခဏခဏ ဒုက္ခ ပေးတတ်သည်။ မေတ္တာရေးသည်ကား လာဘ်ဝင်မည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ဇီးရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – လက်ဖက်၊ မှို

ယတြာ                               – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော်ကပ်လှူပါ။

                                               လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                 ဝေဒလက္ခဏသုတေသီ