မြိတ်တွင် တစ်ရက်တည်း မူးယစ်အမှု သုံးမှုဖမ်းမိ

0
534

မြိတ်မြို့တွင် မတ်လ ၁၄ ရက် တစ်ရက်တည်းတွင် မူးယစ်ဆေးဝါးအမှု သုံးမှု ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်း ထံမှ သိရသည်။

ညနေ ၃ နာရီခန့်တွင် တပ်ပြင်ရပ် ကွက်၊ ဘုရားကြီး ၂ လမ်းရှိ နေအိမ်တစ် အိမ်ကို သတင်းအရ ၀င်ရောက်ရှာဖွေရာ အသက် ၃၆ နှစ်နှင့် အသက် ၃၂ နှစ် အရွယ် ညီအစ်ကို နှစ်ဦးထံမှ WY ဆေး ပြား ၁ ပြားနှင့် တစ်ထုပ်လျှင် ၇၀ ဂရမ်ပါ ဘိန်းစာမှုန့် ၅၂ ထုတ် ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းနောက် ညနေ ၆ နာရီခွဲခန့်က ကမ်းနားလမ်း တစ်နေရာတွင် မူးယစ် ဆေး လာရောင်းမည်ဟူသည့် သတင်း အရ သွားရောက်စောင့်ဆိုင်းရာ Click I  ဆိုင်ကယ်မောင်းနှင်လာသည့် အသက် ၄၇နှစ်အရွယ် အမျိုးသားထံမှ ၆၀ ဂရမ် ပါ ဘိန်းစာမှုန့်တစ်ထုပ်နှင့် ၎င်းင်းဆိုင် ကယ်နောက်တွင် လိုက်ပါလာသည့် အသက် ၃၁ နှစ်အရွယ်အမျိုးသားထံမှ WY ဆေးပြား ၁၈၉ပြား တွေ့ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ဖမ်းခံထားရသူတစ်ဦး၏  ထွက်ဆိုချက်အရ ရေပုန်းရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ကို သွားရောက်ရှာဖွေရာ အသက် ၃၈ နှစ်ရှိ အမျိုးသားထံမှ ၂၀ ဂရမ်ပါ ဘိန်းစာမှုန့်တစ်ဗူးနှင့် ၁၅ ဂရမ်ခန့်ပါ ဘိန်းစာမှုန့်တစ်ဗူးတို့ကို ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်ရက်အတွင်း ဖမ်းမိသည့်အမှု သုံးမှုမှ  အမျိုးသားငါးဦး မူးယစ်ဆေးဝါး ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထား ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရ သည်။

မြင့်မိုရ်(မြိတ်)