အခြေခံပညာကျောင်း တစ်ရာကျော် ပြုပြင်တည်ဆောက်ရန် ကျပ် ရှစ်ဘီလီယံကျော် သုံးစွဲမည်

0
491

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းရှိ အခြေခံပညာကျောင်း တစ်ရာကျော်တွင် အဆောက်အအုံများ အသစ် တည်ဆောက်ရန်နှင့် ပြုပြင်ရန် ကျပ်ရှစ်ဘီလီယံကျော် အသုံးပြုမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းများတွင် ကျောင်းဆောင် အသစ်တည်ဆောက်ရန်၊ အန်္တရာယ်ရှိ သည့် ကျောင်းဆောင်၊ ဥပဓိရုပ် မကောင်းသည့် ကျောင်းဆောင်များအား အသစ်ပြန်လည် တည်ဆောက်ရန်နှင့် ပြုပြင်မွမ်းမံရန်၊ ၀န်ထမ်းအိမ်ရာ၊ သိပ်္ပံ ခန်းနှင့် စာကြည့်တိုက်များ ဆောက်  လုပ်ပြုပြင်ရန် စသဖြင့် လုပ်ဆောင်ရန်  ကျပ်သန်းပေါင်း ၈၂၈၉ ဒဿမ ၂၁ သန်း အသုံးပြုမည်ဖြစ်ကြောင်း အထက် ပါရုံးထံမှ သိရသည်။

ကျောင်းပေါင်း ၁၂၉ ကျောင်းတွင် အထက်ပါ တည်ဆောက်ပြုပြင်ရေး လုပ် ငန်းများ လုပ်ဆောင်မည် ဖြစ်သည်။

“တည်ဆောက်ရေးလုပ်ငန်းနဲ့ ပရိဘောဂအတွက် အခြေခံပညာဦးစီးဌာ နက ချပေးတာ၊ ဒီဘတ်ဂျတ်က ပညာ ရေးဝန်ကြီးဌာန ဘတ်ဂျတ်၊ ပြည်ထောင် စု ဘတ်ဂျတ်နဲ့ သုံးတာ”ဟု တိုင်းပညာ ရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။

စာသင်ဆောင် တိုးချဲ့မည့် ကျောင်းဆောင်များအတွက် စာရေးခုံ၊ ထိုင်ခုံ စုစုပေါင်း ၁၁၄၃ စုံအတွက် ကျပ်သန်း ၅၃ ဒဿမ ၀၂၃ သန်း အသုံးပြုမည်ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

တိုင်းအတွင်းရှိ မြို့နယ်အားလုံးမှ ကျောင်းဆောင် ဆောက်လုပ်ရန် တင်ပြလာသည့်ကျောင်းများကို သက်ဆိုင်ရာမြို့နယ် တည်ဆောက်ရေး လုပ်ငန်း ကော်မတီက ကျောင်းများ၏ မြေပြင်အခြေအနေကို လေ့လာသုံးသပ် စိစစ်ကာ မဖြစ်မနေ ဆောက်လုပ်ရန် လိုအပ်သည့် ကျောင်းများကို ဦးစားပေး ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

အထက်ပါ ကျောင်းများအနက် ကျောင်း ၈၆ ကျောင်းအတွက် တင်ဒါ အောင်မြင်ထားပြီးသည့် ကုမ္ပဏီများကို လုပ်ငန်းအပ်နှံထားပြီးဖြစ်ပြီး ကျန်ရှိ နေသည့် ကျောင်း ၄၃ ကျောင်း အတွက် လည်း တင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

 မိုးမြင့်