ကုန်စိမ်းဈေးသစ် ဧပြီ ဖွင့်မည်၊ ဈေးဟောင်းတွင် ရောင်းချိန် ကန့်သတ်မည်ဟုဆို

0
547

အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့်၊ ရှမ်းချောင်းရပ်ကွက်ရှိ ကုန်စိမ်း ဈေးအား လာမည့် ဧပြီလ ၁ ရက်တွင် စတင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး လက်ရှိ ဈေးအဟောင်းကိုမူ ဈေးရောင်း ချိန် ကန့်သတ်သွားမည်ဖြစ်ကြောင်း     မြိတ်မြို့နယ် စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။

ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေး အဟောင်းမှ ပျံကျကုန်စိမ်းရောင်းချသူ ၄၈ ဦးနှင့် ကုန်စိမ်းလက်ကားဒိုင်ကြီးများ သည် ဈေးအသစ်သို့  ဧပြီလမှစတင် ရောင်းချသွားရမည်ဖြစ်ပြီး ဈေးဟောင်း ကိုမူ နံနက် ၆ နာရီမှ နံနက် ၁၁ နာရီ အထိသာ ရောင်းချခွင့်ပြုသွားမည်ဖြစ် ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက်္ကဋ္ဌ ဦးမြတ်ကိုကိုက ပြော သည်။

မတ်လ ၃ ရက်က မြို့နယ်စည် ပင်သာယာရေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ် သည့် ကုန်စိမ်းဈေးသူ၊ ဈေးသားများ နှင့် စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းင်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဈေးသစ်တွင် ပျံကျရောင်းချနေသူ ၄၈ ဦးနှင့် ကုန်စိမ်းဒိုင်ကြီးများအား တစ် ဦးလျှင် တစ်ခန်းနှုန်း အခမဲ့ပေးမည်ဖြစ် ပြီး ဈေးဟောင်းတွင် ဆိုင်ခန်းပိုင်ရှိသူများ အနေဖြင့်လည်း ဆိုင်ခန်းအပ်နှံပါက ဈေး အသစ်တွင် အစားထိုးပေးအပ်သွားမည် ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

ပျံကျဈေးသည် ၄၈ ဦးနှင့် ကုန်စိမ်း ဒိုင်ကြီးများသည် ဈေးသစ်သို့ မပြောင်း မနေရ ပြောင်းရမည်ဖြစ်ပြီး ကျန်သည့် ဈေးသူ၊ ဈေးသားများအနေဖြင့် မူလနေ ရာ၌နေလိုက နေကျန်ရစ်နိုင်ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

“ကျန်သူတွေအနေနဲ့က ပြောင်းမ လား မပြောင်းဘူးလား ဆိုတာကတော့ မိမိတို့ရဲ့ ဆန်္ဒပါပဲ။ ကျွန်တော်တို့ကတော့ ဈေးဟောင်းကို အချိန်ကန့်သတ်ရပါလိမ့် မယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ရောင်းချနေသည့် ကန်ဖျား ကုန်စိမ်းဈေးသည် လူနေရပ်ကွက်နှင့် စာသင်ကျောင်းအနီးရှိနေသည့်အတွက် ဆိုးရွားသည့် အနံ့အသက်နှင့် ဆူညံမှု များကြောင့်  ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာ ရေး ကျန်းမာရေးထိခိုက်လျက် ရှိနေခြင်း၊ ကုန်စိမ်းတင်ချသည့် ကားကြီးများ ကြောင့် လမ်းပိတ်ခြင်း၊ ယာဉ် မတော်တ ဆမှု မကြာခဏဖြစ်ပွားနေခြင်း၊ ပြည်  သူလိုလားမှု မရှိခြင်းတို့ကြောင့် ပြောင်း ရွှေ့ရန် စီစဉ်ခဲ့ပြီး ဈေးဟောင်းနေရာကို အချိန်ကန့်သတ်ရခြင်းဖြစ်သည်ဟု ဦးမြတ်ကိုကိုက ဆိုသည်။

“လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်း က ခုချိန်ထိ လက်မှတ်ပေါင်း သုံးထောင် ကျော်ထိုးပြီး ပြည်သူတွေ ကန့်ကွက်မှု ခံနေရတဲ့ဈေးပါ” ဟု ၎င်းက ပြောသည်။

ကန်ဖျားကုန်စိမ်းဈေး၌ ဆိုင်ခန်း ပေါင်း ၁၂၃ခန်း ရှိပြီး ဈေးသူ၊ ဈေးသား အများစုသည် မူလနေရာမှ ပြောင်းရွှေ့ လိုခြင်း မရှိကြသကဲ့သို့ ယင်းသို့အချိန် ကန့်သတ်ခြင်းအားလည်း သဘောမတူ ဟု ဆိုကြသည်။

“အခြေကျနေတဲ့ ဒီဈေးမှာပဲ နံနက် ၆ နာရီကနေ ညနေ ၆ နာရီကထိ ရောင်း ချသွားဖို့ တိုင်းအစိုးရကို ကျွန်တော်တို့ စာတင်ပြီး တောင်းဆိုသွားမယ်”ဟု ကန် ဖျားကုန်စိမ်းဈေး၏ ဈေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

ဈေးသူ၊ ဈေးသားများ၏ တောင်း ဆိုချက်အရ တိုင်းအစိုးရက တစ်စုံတစ်ရာ ညွှန်ကြားလာပါက လုပ်ဆောင်မည်ဖြစ် ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

“တိုင်းအစိုးရကို လက်မှတ်ထိုးပြီး စာတင်ကြပါ။ ကျွန်တော်တို့ စောင့်ဆိုင်း ပြီး တိုင်းအစိုးရရဲ့ ညွန်ကြားချက်အတိုင်း လုပ်ဆောင်ပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

အသစ်ဆောက်လုပ် ပြီးစီးနေပြီဖြစ် သည့် ကုန်စိမ်းဈေး၌ ရှစ်ပေခြောက်ပေ အကျယ်ရှိ ဆိုင်ခန်းပေါင်း ၁၂၃ ခန်းနှင့် ၄ ပေ၊ ၆ ပေအကျယ်ရှိ ဆိုင်ခန်း ၄၈ ခန်းပါဝင်ပြီး ရေမီးအစုံ တပ်ဆင်ပြီး ဖြစ်၍ ဖွင့်လှစ်ရောင်းချရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

ကိုဆန်း