လူခုနစ်ဆယ်ကျော် လူကုန်ကူးခံရ သည်ဆိုသည့်သတင်း မဟုတ်မှန်ဟုဆို

0
348

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မော တောင်နယ်စပ်တွင် မြို့မရပ်ကွက်ရှိ နေ အိမ်တစ်ဆောင်တွင် မတ်လ ၅ ရက်နေ့ က လူကုန်ကူးခံရသူ ၇၀ ကျော်တွေ့ရှိ သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မောတောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ကျော်ဝင်းက ပြောသည်။

အထက်ပါနေအိမ်တွင် တည်းခို နေထိုင်နေသူများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူ   များဖြစ်သည်ဟု ရဲအုပ်ကျော်ကျော်ဝင်းက ဆိုသည်။

“ထိုင်းမှာ အဖမ်းအဆီးတွေ များနေ လို့ ခဏတည်းနေတာပါ”ဟု ၎င်းက ဆို သည်။

မောတောင်နယ်စပ်ရှိ နေအိမ်တစ် ဆောင်တွင် လူများအား ပိတ်လှောင်ထား သည်ဟုဆိုကာ ညောင်ပင်ကွင်းကျေးရွာ တွင် အလုပ်လုပ်ကိုင်သည့် အမျိုးသား တစ်ဦး၏ ပြောပြချက်အရ လူကုန်တား အဖွဲ့တို့နှင့်အတူ ၀င်ရောက်ရှာဖွေစစ် ဆေးခဲ့ကြောင်း စခန်းမှူးက ပြောသည်။

အဆိုပါ နေအိမ်တွင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၅ ဦးတို့ နေထိုင် နေကြကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ဆိုသည်။

 မြင့်မိုရ်(မြိတ်)