မြိတ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး တက်ထိုင်

0
1138

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ပေါ်သို့ ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတစ်ဦး တက်ထိုင်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့သူမြို့သားများထံမှ သိရသည်။

အသက် ၅၀ ခန့်စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု၏ နောက်မှ ခါးအား သိုင်းဖက်၍ တက်ထိုင်ခဲ့ပြီး ဖြစ်စဉ်မှာ မိနစ် ၃၀ ခန့်ကြာမြင့်ကြောင်း အထက်ပါ မြို့ခံများက ပြောသည်။

“ဒီလိုအဖြစ်အပျက်မျိုး နှစ်ကြိမ်သုံးကြိမ်လောက် ရှိနေပြီ၊ စိတ်မနှံ့သူ(စိတ်ကျန်းမရေးမကောင်းသူ)တွေချည်း တက်ထိုင်တာ ထူးတော့ ထူးဆန်းနေတယ်”ဟု အသက် ၄၀ နှစ်အရွယ် မြိတ်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

တက်ထိုင်ပြီး မိနစ် ၃၀ ခန့်အကြာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖယ်ရှားခဲ့ရကြောင်း မြိတ်မြို့နယ် စည်ပင်သာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Dawei Watch