ကျွန်းစုဗန်ဒိန်း ဦးဇော်ဟိန်း

0
743

နေ့စဉ် အဖြစ်အပျက်များကို မှတ်တမ်းတင်သော သတင်းစာများကို သမိုင်းမူကြမ်းစာအုပ်များအဖြစ် တင်စားလေ့ရှိသည်။ ၂၀၁၈ ကား သမိုင်းဖြစ်သွားလေပြီ။ ထိုကြောင့် ထိုနှစ်၏ ထူးခြားသော ရက်စွဲသမိုင်းကို ပရိသတ်များအတွက် တင်ဆက်လိုက်ပါသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ် တနင်္သာရီတိုင်းအတွင်း ထူးခြားသော၊ စွန့်ဦးတီထွင်သော၊ ခေတ်ကာလနှင့်အညီ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော အုပ်စုအဖွဲ့၊ လူမှုရေးနှင့် လူပုဂ်္ဂိုလ်တို့ကိုလည်း မှတ်တမ်းပြုဖော်ပြလိုက်ပါသည်။ ယင်းတို့ကို ရွေးချယ်ရာတွင် အဦးအစဖြစ်မှု၊ တီထွင်လုပ်ကိုင်နိုင်မှု၊ လူအများစုအပေါ် အကျိုးသက်ရောက်နိုင်မှုတို့ကို စံနှုန်းထားရွေးချယ်ထားပါသည်။

                                                                                                                                                     တနင်္သာရီအပတ်စဉ်

ကျွန်းစုဗန်ဒိန်း ဦးဇော်ဟိန်း

ဒေသခံများက သူ့ကို ကျွန်းစုဗန်ဒိန်းဟု ချစ်စနိုးဖြင့် ခေါ်ဝေါ်ကြသည်။ သူသည် မြိတ်-ကျွန်းစု ပင်လယ်ပြင်အတွင်း ကမ်းဝေးငါးဖမ်းလှေကြီး များကြောင့် ကမ်းနီးငါးဖမ်းလှေများကြုံတွေ့နေရသည့် အခက်အခဲများ၊ ကမ်းဝေးလှေကြီးများ ကမ်းနီးဝင်ဖမ်းနေခြင်းတို့ကို ပင်လယ်ပြင်ထွက် လိုက်လံ မှတ်တမ်းယူခဲ့သူဖြစ်သည်။

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးဝင်ဖမ်းနေမှုများကို သက်သေ အထောက်အထားများဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြခဲ့သည်။ ၎င်းအပြင် ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေ သည့်ွှ ကုမ်္ပဏီသည် နိုင်ငံတော်သို့ အကြွေးကျပ် ရှစ်ဘီလီယံကျော် ပေးရန် ရှိနေကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ သူ ဖြစ်သည်။

ထားဝယ်တွင် လျှပ်စစ်မီးပေးနေသည့် ကုမ်္ပဏီ၏ အကြွေးကျန်ကိစ်္စ ကို ထားဝယ်ခရိုင်အတွင်းက ကိုယ်စားလှယ်များ အသံမထွက်ချိန်တွင် ကျွန်းစုမြို့နယ်မဲဆန်္ဒနယ်မှ ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြည်ထောင်စု လွှတ်တော်တွင် နှစ်ကြိမ် တင်ပြဆွေးနွေးခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်မည့် ပေ ၁၈၀၀ ခန့်ရှိ မြိတ်မြို့(မင်းသန်းရွာ)မှ ကျွန်းစု(မောင်းလှော်ရွာ) မြစ်ကူးတံတားရရှိရေး အတွက်လည်း ယခုနှစ်အတွင်း လွှတ်တော်တွင် တင်ပြခဲ့သူဖြစ်သည်။ နိုင်ငံခြားသို့ ရေထွက်ပစ်္စည်းများ တင်ပို့မှုတွင် ပုစွန်တစ်ကီလိုလျှင် အခွန်ငွေ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာသာရရှိနေသဖြင့် အခွန်ရရှိမှု နည်းပါးနေကြောင်း လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။ သူတင်ပြပြီး နောက်သုံးလခန့်အကြာတွင် ပုစွန် တစ်ကီလိုလျှင် အခွန်ငွေ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာနှုန်းဖြင့် ကောက်ခံခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဥပဒေအရ ပြဋ္ဌာန်းချက် များရှိသော်လည်း မညီမျှမှုများ ရှိနေခြင်းကြောင့် တာဝန်ထမ်းဆောင် သည့်ကာလတစ်လျှောက်တွင် မညီမျှမှုတွေပပျောက်အောင် အတတ်နိုင်ဆုံး ဆောင်ရွက် သွားမည်ဟု ဦးဇော်ဟိန်းက ဆိုသည်။

ယင်းကဲ့သို့ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မိမိဒေသအတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များအား အောက်ခြေအထိ ထဲထဲဝင်ဝင်ကွင်းဆင်း ပြီး လွှတ်တော်တွင် အတတ်နိုင်ဆုံးဆောင်ရွက်ပေးခဲ့ကာ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အထူးသဖြင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ဆုံးရှုံးနေရသည့် အခွန်ငွေများအတွက် တင်ပြဆောင်ရွက်ပေးခဲ့သူ ကျွန်းစုမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းအား ၂၀၁၈ ခုနှစ်အတွက် ထူးခြားစွာ စွမ်းဆောင်နိုင်သူတစ်ဦးအဖြစ် ရွေးချယ် ဖော်ပြလိုက်ပါသည်။